• Follow Us on

Home နယ္စပ္ေဒသမ်ား၌ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရး ထိန္းသိမ္းရန္ အိႏၵိယႏွင့္ တ႐ုတ္ သေဘာတူ

နယ္စပ္ေဒသမ်ား၌ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရး ထိန္းသိမ္းရန္ အိႏၵိယႏွင့္ တ႐ုတ္ သေဘာတူ

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၈

အိႏၵိယႏွင့္တ႐ုတ္နိုင္ငံတို႔က နယ္စပ္ေဒသမ်ား၌ တည္ၿငိမ္မႈရွိေရးအတြက္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရန္ သေဘာတူခဲ့ေၾကာင္း အိႏၵိယ ကာကြယ္ေရးဝန္ႀကီးဌာနက ယေန႔ ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကား ခဲ့သည္။

အဌမႀကိမ္ေျမာက္ အိႏၵိယ-တ႐ုတ္ တပ္မွဴးမ်ားအဆင့္ အစည္းအေဝးကို အိႏၵိယနိုင္ငံ၊ ခ်ဴရႉးၿမိဳ႕၌ နိုဝင္ဘာလ ၆ ရက္က က်င္းပခဲ့သည္။

အိႏၵိယ-တ႐ုတ္နယ္စပ္ေဒသမ်ား၏ အေနာက္ပိုင္းေဒသရွိ ထိန္းခ်ဳပ္မ်ဥ္းတစေလ်ာက္ ထိေတြ႕မႈျဖစ္စဥ္ မ်ားႏွင့္ပတ္သက္၍ ႏွစ္နိုင္ငံစလုံးက ပြင့္လင္း၍ အျပဳသေဘာေဆာင္ေသာ အျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။

ေရွ႕တန္းရွိ ႏွစ္နိုင္ငံတပ္ဖြဲ႕မ်ား စိတ္ရွည္သည္းခံမႈက်င့္သုံးရန္ႏွင့္ နားလည္မႈလြဲမွားျခင္း၊ ခန္႔မွန္းခ်က္လြဲျခင္း ေရွာင္ရွားနိုင္ရန္ ႏွစ္နိုင္ငံေခါင္းေဆာင္မ်ား သေဘာတူခဲ့သည့္ အေရးပါေသာ အမ်ားဆႏၵေဖာ္ေဆာင္ရန္လည္း သေဘာတူခဲ့ေၾကာင္း အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက ဆိုသည္။

စစ္ဘက္ႏွင့္ သံတမန္ေရးနည္းလမ္းမ်ားမွတစ္ဆင့္ ေဆြးေႏြးမႈႏွင့္ဆက္သြယ္ေရးလုပ္ေဆာင္ရန္၊ ေဆြး ေႏြးမႈမ်ား ေရွ႕ဆက္ေဆာင္ရြက္ရန္ႏွင့္ နယ္စပ္ေဒသမ်ား၌ ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရး ပူတြဲေဖာ္ေဆာင္နိုင္ေရး ျပႆနာမ်ားေျဖရွင္းရန္ အိႏၵိယႏွင့္တ႐ုတ္နိုင္ငံတို႔က သေဘာတူခဲ့ေၾကာင္း အဆိုပါဝန္ႀကီးဌာနကဆိုသည္။

အနာဂတ္ကာလတြင္ ေနာက္ထပ္ ေဆြးေႏြးမႈမ်ားျပဳလုပ္ရန္ ႏွစ္ဘက္စလုံးက သေဘာတူခဲ့သည္ဟု အိႏၵိယ နိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကိုးကား – စပြတ္ညစ္ခ္

Ref; India and China Agree to Maintain Peace, Tranquility in Border Areas

#PeopleMedia

(unicode)
နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် အိန္ဒိယနှင့် တရုတ် သဘောတူ
…………………………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က နယ်စပ်ဒေသများ၌ တည်ငြိမ်မှုရှိရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြား ခဲ့သည်။

အဌမကြိမ်မြောက် အိန္ဒိယ-တရုတ် တပ်မှူးများအဆင့် အစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ ချူရှူးမြို့၌ နိုဝင်ဘာလ ၆ ရက်က ကျင်းပခဲ့သည်။

အိန္ဒိယ-တရုတ်နယ်စပ်ဒေသများ၏ အနောက်ပိုင်းဒေသရှိ ထိန်းချုပ်မျဉ်းတစလျောက် ထိတွေ့မှုဖြစ်စဉ် များနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးက ပွင့်လင်း၍ အပြုသဘောဆောင်သော အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ရှေ့တန်းရှိ နှစ်နိုင်ငံတပ်ဖွဲ့များ စိတ်ရှည်သည်းခံမှုကျင့်သုံးရန်နှင့် နားလည်မှုလွဲမှားခြင်း၊ ခန့်မှန်းချက်လွဲခြင်း ရှောင်ရှားနိုင်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူခဲ့သည့် အရေးပါသော အများဆန္ဒဖော်ဆောင်ရန်လည်း သဘောတူခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

စစ်ဘက်နှင့် သံတမန်ရေးနည်းလမ်းများမှတစ်ဆင့် ဆွေးနွေးမှုနှင့်ဆက်သွယ်ရေးလုပ်ဆောင်ရန်၊ ဆွေး နွေးမှုများ ရှေ့ဆက်ဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ပူတွဲဖော်ဆောင်နိုင်ရေး ပြဿနာများဖြေရှင်းရန် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က သဘောတူခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနကဆိုသည်။

အနာဂတ်ကာလတွင် နောက်ထပ် ဆွေးနွေးမှုများပြုလုပ်ရန် နှစ်ဘက်စလုံးက သဘောတူခဲ့သည်ဟု အိန္ဒိယ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား – စပွတ်ညစ်ခ်

Ref; India and China Agree to Maintain Peace, Tranquility in Border Areas

#PeopleMedia


Share this post