• Follow Us on

Home နယ်စပ်ဒေသလုံခြုံရေးအတွက် ဖာပွန်မြို့နယ်၌ သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများ ဆောင်ရွက်မည် ဖြစ်ကြောင်း န-စ-က ထုတ်ပြန်

နယ်စပ်ဒေသလုံခြုံရေးအတွက် ဖာပွန်မြို့နယ်၌ သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများ ဆောင်ရွက်မည် ဖြစ်ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၁ (People Media)

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၌ နယ်စပ်ဒေသလုံခြုံရေးအတွက် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့၌ န-စ-က မှ သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်၌ ဖာပွန်မြို့နယ်ရှိ တပ်မတော်၏ ဒါးကွင်းခြေကုပ်စခန်းအား KNLA တပ်မဟာ (၅) အဖွဲ့နှင့် PDF အဖွဲ့များမှ ဇန်နဝါရီလ ၃၀ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုပြီး သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

 

ထိုကဲ့သို့ KNLA/PDF ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ကူစစ်ကူများဖြင့် ပြန်လည်ခုခံပစ်ခတ်ထိန်းချုပ် တိုက်ခိုက်ခဲ့ရာ KNLA/PDF အဖွဲ့သည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မ တော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဖော်ပြထားသည်။

 

KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ၎င်းတို့၏ အထက်အမိန့်များကို နာခံမှုမရှိဘဲ NCA စာချုပ်အား ချိုး ထောက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်စီးရာ ပျက်စီးကြောင်းများကိုသာ ဆက်တိုက်လုပ်ဆောင်လျက်ရှိ ကြောင်း န-စ-က ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

သို့ဖြစ်၍ တပ်မတော်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် လိုအပ်သည့် သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#PeopleMedia #တပ်မတော် #နစက

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post