• Follow Us on

Home နယ်စပ်ဖြတ်ကျော်လာသည့် ရဲတပ်ဖွဲ့ဝင်များ ပြန်လည်လွှဲပြောင်းပေးရန် အိန္ဒိယတာဝန်ရှိသူများသို့ မြန်မာ တောင်းဆို

နယ်စပ်ဖြတ်ကျော်လာသည့် ရဲတပ်ဖွဲ့ဝင်များ ပြန်လည်လွှဲပြောင်းပေးရန် အိန္ဒိယတာဝန်ရှိသူများသို့ မြန်မာ တောင်းဆို

Share this post

နိုင်ငံတကာ၊ မတ် ၇(PeopleMedia)

အမိန့်ညွှန်ကြားချက်များ ငြင်းဆန်ကာ နယ်စပ်ကိုဖြတ်ကျော်၍ ခိုလှုံခွင့်တောင်းခံခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ကို ပြန်လည် လွှဲပြောင်းပေးရန် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံထံ တောင်းဆိုလိုက်ကြောင်း နိုင်ငံတစ်ကာ သတင်းပုဒ်၏ ဖော်ပြချက်အရ သိရသည်။

မကြာသေးမီရက်များအတွင်း မြန်မာရဲတပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့၏ မိသားစုများ နယ်စပ်ကိုဖြတ်ကျော်ဝင် ရောက်ခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူများက ပြောသည်။

ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးခိုင်မြဲရန် နယ်စပ်ဖြတ်ကျော်ခဲ့သော ရဲတပ်ဖွဲ့ဝင်များ ပြန်လည်လွှဲအပ် ရန် မြန်မာအာဏာပိုင်များက စာတစ်စောင်အတွင်း အိန္ဒိယတာဝန်ရှိသူများထံ တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်လ အစောပိုင်းတွင် တပ်မတော်က အာဏာထိန်းသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြပွဲများကို ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ ဆန္ဒပြသူ ၅၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယင်းသတင်းဌာနက ရေးသားဖော်ပြသည်။

ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူးထံမှ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်လွှဲအပ်ပေးရန် တောင်းဆိုထားသော စာတစ် စောင် လက်ခံရရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင် အုပ်ချုပ်ရေးမှူး မာရီယာဇွာလီက ပြောသည်။

နယ်စပ်ကိုဖြတ်ကျော်၍ အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦးအထိရှိသည်ဟု မြန်မာ နိုင်ငံက အကြောင်းကြားခဲ့ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

အာဏာထိန်းသိမ်းမှု ဖြစ်ပွားချိန်နောက်ပိုင်း လွှတ်တော်အမတ်များ၊ ဆန္ဒပြသူများနှင့် သတင်းထောက် ၂၉ ဦး အပါအဝင် လူပေါင်း ၁၇၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မစ်ချယ်လီဘာချီလတ်က ပြောသည်။

–ကိုးကား–
ဘီဘီစီ
Ref; Myanmar coup: India asked to return police officers who crossed border


Share this post