• Follow Us on

Home နယ္ေျမခြဲ၍ ေရြးေကာက္ပြဲရန္ ရွမ္းအင္အားႀကီး ႏွစ္ပါတီျဖစ္သည့္ က်ားျဖဴႏွင့္ က်ားေခါင္းတုိ႔ သေဘာတူညီ ထားျခင္းမရွိ

နယ္ေျမခြဲ၍ ေရြးေကာက္ပြဲရန္ ရွမ္းအင္အားႀကီး ႏွစ္ပါတီျဖစ္သည့္ က်ားျဖဴႏွင့္ က်ားေခါင္းတုိ႔ သေဘာတူညီ ထားျခင္းမရွိ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၁၇

ရွမ္းျပည္နယ္အေျခစုိက္ အင္အားႀကီးႏွစ္ပါတီျဖစ္သည့္ ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကရက္တစ္ပါတီ(က်ားျဖဴ)ႏွင့္ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ (က်ားေခါင္း)တုိ႔သည္ လာမည့္ေရြးေကာက္ပြဲ၌ နယ္ေျမခြဲ၍ ေရြး ေကာက္ပြဲဝင္ရန္ သေဘာတူညီထားျခင္းမရွိေၾကာင္း ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ဦးစုိင္းညႊန္႔လြင့္ (ဒု-ဥကၠဌ)က ေျပာပါတယ္။

၂၀၁၉ ခုႏွစ္၌ ရွမ္းျပည္နယ္ မဲဆႏၵနယ္မ်ား၌ မဲဆႏၵနယ္ခြဲေဝ၍ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ က်ားျဖဴပါတီမွ က်ား ေခါင္းပါတီထံ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေသာ္လည္း၂၀၂၀ ခုႏွစ္ ကာလအတြင္း၌ ထုိကဲ့သုိ႔ ေဆြးေႏြးထားျခင္း၊ သေဘာတူထားျခင္းမရွိေၾကာင္း ႏွစ္ဖက္ပါတီတာဝန္ရွိသူမ်ားက အတည္ျပဳေျပာဆုိသည္။

လာမည့္ ေရြးေကာက္ပြဲ၌ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖြဲ႕ခ်ဳပ္သည္ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္အပါအဝင္ မႏၱေလးတုိင္းေဒသႀကီး၌ ရွမ္းတုိင္းရင္းသားေရးရာဝန္ႀကီး မဲဆႏၵနယ္ကုိ ဝင္ေရာက္ ယွဥ္ၿပိဳင္ရန္ ျပင္ဆင္လ်က္ရွိသည္။

ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ ၂၀၁၀ ေရြးေကာက္ပြဲ၌ ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ ျခင္း မရွိေသာ္လည္း ၂၀၁၅ ေရြးေကာက္ပြဲ၌ ရွမ္းျပည္နယ္၏ ေထာက္ခံမႈရရွိခဲ့သည္။

အလားတူ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကရက္တစ္ပါတီသည္ ၂၀၁၀ ေရြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ရွမ္းျပည္နယ္၏ ေထာက္ခံမႈရရွိခဲ့ေသာ္လည္း ၂၀၁၅ ေရြးေကာက္ပြဲ၌ ျပည္နယ္ မဲဆႏၵနယ္ တစ္ေနရာသာ ရရွိခဲ့သည္။

လာမည့္ ေရြးေကာက္ပြဲ၌ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကရက္တစ္ပါတီသည္ ရွမ္းျပည္နယ္အေျခစုိက္ ႏုိင္ငံေရး ပါတီ (၁၁)ပါတီႏွင့္ မဟာမိတ္ဖြဲ႕စည္းထားၿပီး ရွမ္းျပည္နယ္အစုိးရ ဖြဲ႕စည္းေရး ရည္မွန္းထားေၾကာင္း ပါတီဥကၠ႒ ဦးစုိင္းအုိက္ေပါင္း ဇူလုိင္(၁၆)ရက္ေန႔၌ ေျပာဆုိခဲ့သည္။

#PeopleMedia #2020election #SNlD #SNDP #Political

(unicode)
နယ်မြေခွဲ၍ ရွေးကောက်ပွဲရန် ရှမ်းအင်အားကြီး နှစ်ပါတီဖြစ်သည့် ကျားဖြူနှင့် ကျားခေါင်းတို့ သဘောတူညီ ထားခြင်းမရှိ
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၇

ရှမ်းပြည်နယ်အခြေစိုက် အင်အားကြီးနှစ်ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)တို့သည် လာမည့်ရွေးကောက်ပွဲ၌ နယ်မြေခွဲ၍ ရွေး ကောက်ပွဲဝင်ရန် သဘောတူညီထားခြင်းမရှိကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဦးစိုင်းညွှန့်လွင့် (ဒု-ဥက္ကဌ)က ပြောပါတယ်။

၂၀၁၉ ခုနှစ်၌ ရှမ်းပြည်နယ် မဲဆန္ဒနယ်များ၌ မဲဆန္ဒနယ်ခွဲဝေ၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျားဖြူပါတီမှ ကျား ခေါင်းပါတီထံ ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း၂၀၂၀ ခုနှစ် ကာလအတွင်း၌ ထိုကဲ့သို့ ဆွေးနွေးထားခြင်း၊ သဘောတူထားခြင်းမရှိကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။

လာမည့် ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်အပါအဝင် မန္တလေးတိုင်းဒေသကြီး၌ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်ကို ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခြင်း မရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်၏ ထောက်ခံမှုရရှိခဲ့သည်။

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်၏ ထောက်ခံမှုရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ် မဲဆန္ဒနယ် တစ်နေရာသာ ရရှိခဲ့သည်။

လာမည့် ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီသည် ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေး ပါတီ (၁၁)ပါတီနှင့် မဟာမိတ်ဖွဲ့စည်းထားပြီး ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းရေး ရည်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဇူလိုင်(၁၆)ရက်နေ့၌ ပြောဆိုခဲ့သည်။

#PeopleMedia #2020election #SNlD #SNDP #Political


Share this post