• Follow Us on

Home နယ်မြေတည်ငြိမ်ရေး မဆောင်ရွက်နိုင်သော န-မ-ခ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် တာဝန်ပြောင်းရွှေ့ခံရ

နယ်မြေတည်ငြိမ်ရေး မဆောင်ရွက်နိုင်သော န-မ-ခ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် တာဝန်ပြောင်းရွှေ့ခံရ

Share this post

မုံရွာ၊ ဇန်နဝါရီ ၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န-မ-ခ)တိုင်းမှူးဖြစ်သူ ဗိုလ်မှူး ချုပ်ဖြိုးသန့်သည် နယ်မြေတည်ငြိမ်ရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သောကြောင့် တာဝန်ပြောင်း ရွှေ့ခံလိုက်ရကြောင်း စစ်ဘက်နှင့် နီးစပ်သူများက အတည်ပြု ပြောဆိုသည်။

 

န-မ-ခ ကွပ်ကဲမှုအောက်၌ရှိသော ဒေသများ၌ PDF များ အားကောင်းရန် အစပျိုးလာသည့်အချိန်၊ အားကောင်း လာသည့်အချိန်၌ ဗိုလ်မှူးချုပ်ဖြိုးသန့်သည် ဒေသတည်ငြိမ်ရေးဆောင်ရွက်ရာ၌ များစွာ အားနည်ချက်ရှိခြင်း၊ ဆောင်ရွက်ချက် ထိရောက်မှုမရှိခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း နီးစပ်သူအချို့က အတည်ပြုသည်။

 

န-မ-ခ နယ်မြေအတွင်းရှိ PDF အဖွဲ့များကို တိုက်ခိုက်ရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၂၈ ရက်နေ့၌ အလောင်း မင်းတရားစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေး၌ ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် ဒု-ဗိုလ်ချုပ် ကြီး တေဇကျော်တို့ကို ဦးဆောင်ခဲ့ရသည်။

 

အလားတူ န-မ-ခ၏ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း ဒေသများ၌ PDF များ အားကောင်းလျက်ရှိခဲ့သော်လည်း တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တာဝန်ယူစဉ်က ထိ ရောက်မှုမရှိခဲ့ကြောင်း လုံခြုံရေးအရာရှိဟောင်းများက ပြောသည်။

 

“န-မ-ခ ကွပ်ကဲမှုအောက်မှာရှိတဲ့နေရာတွေကို လိုက်ကြည့်ရင် တည်ငြိမ်ရေး ဘာမှမလုပ်နိုင်ဘူး။ ထိထိရောက် ရောက် မလုပ်နိုင်လို့ အင်အားကြီးလာတာ။ အခုလို အပြောင်းအလဲလုပ်တာကို ကြိုဆိုရမယ်” လို့ လုံခြုံရေး အရာရှိဟောင်းတစ်ဦးက ပြောသည်။

 

န-မ-ခ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် တာဝန်ပြောင်းရွှေ့ခြင်းမခံရမှီ ဇန်နဝါရီ ၄ ရက်နေ့၊ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့၌ စစ်ရေးပြအခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

 

ထိုနောက် ဇန်နဝါရီ ၆ ရက်နေ့၌ န-မ-ခ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခြင်း ခံလိုက်ရပြီး အဆိုပါ န-မ-ခ တိုင်းမှူးတာဝန်ကို အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်ချုပ်သန်းထိုက်ကို တာဝန်ပေး ခန့်အပ်လိုက်သည်။

 

လက်ရှိအချိန်၌ န-မ-ခ တိုင်းမှူးပြောင်းလဲခန့်အပ်ခြင်းအပေါ် ဇန်နဝါရီ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားခြင်း မရှိသေးပါ။

 

#PeopleMedia #နမခ

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 



Share this post