• Follow Us on

Home နယ္ျခားေစာင့္ တာဝန္ထမ္းေဆာင္ရန္ နယ္ျခားေစာင့္ရဲ လိုက္ပါလာေသာ အျမန္ေရယာဥ္ကို AA အဖြဲ႕မွ ဖမ္းဆီး

နယ္ျခားေစာင့္ တာဝန္ထမ္းေဆာင္ရန္ နယ္ျခားေစာင့္ရဲ လိုက္ပါလာေသာ အျမန္ေရယာဥ္ကို AA အဖြဲ႕မွ ဖမ္းဆီး

Share this post

ရန္ကုန္၊ေအာက္တိုဘာ-၂၆

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ျမန္မာ-ဘဂၤလားနယ္စပ္လုံၿခဳံေရး တာဝန္ထမ္းေဆာင္ရန္ နယ္ျခားေစာင့္ရဲ လိုက္ပါလာေသာ အျမန္ေရယာဥ္ကို AA အဖြဲ႕မွ ဖမ္းဆီးသြားေၾကာင္း နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ အခ်ိဳ႕က အတည္ျပဳ႕သည္။

“ဒီမနက္ စစ္ေတြကေန ဘူးသီးေတာင္သြားတဲ့ ေ႐ႊနဒီ ေရယာဥ္မွာ လိုက္ပါလာတဲ့ ေရယာဥ္က ရေသ့ေတာင္ကို နံနက္ (၁၀)နာရီမွာ ေရာက္တယ္။အဲ့ဒီ ရေသ့ေတာင္က အထြက္ စုစုေပါင္း ေရယာဥ္မွာ လူ (၁၅၀)ပါတယ္။အဲ့ဒီက (၅၀)ခန့္ကို အဖြဲ႕အစည္းအခ်ိဳ႕ ဖမ္းသြားတယ္”ဟု ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ နီးစပ္သူ တစ္ဦးက အတည္ျပဳ႕သည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ(၂၆)ရက္၌ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕တာဝန္ထမ္းေဆာင္မည့္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ စစ္ေတြ-ဘူးသီးေတာင္သြား အျမန္ေရယာဥ္ႏွင့္လိုက္ပါလာခဲ့ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္အနီး ေမယုျမစ္၌ AA အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ အခ်ိဳ႕က ဆိုသည္။

အဆိုပါ ျဖစ္စဥ္အေပၚ People Media မွ ဆက္လက္ အတည္ျပဳ႕ရန္ ႀကိဳးစားလွ်က္ရွိသည္။

မွတ္ခ်က္။။တပ္ဖြဲ႕ဝင္အေရအတြက္ႏွင့္ျဖစ္စဥ္ကိုဆက္လက္အတည္ျပဳေနသည္။ဆက္လက္ေဖာ္ျပမည္။တပ္မေတာ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ား၏ အတည္ျပဳ႕ခ်က္ကို ရယူရန္ ဆက္လက္ႀကိဳးစားလွ်က္ရွိသည္။

#PeopleMedia# #Police#

[Unicode]
နယ်ခြားစောင့် တာဝန်ထမ်းဆောင်ရန် နယ်ခြားစောင့်ရဲ လိုက်ပါလာသော အမြန်ရေယာဉ်ကို AA အဖွဲ့မှ ဖမ်းဆီး
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊အောက်တိုဘာ-၂၆

ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားနယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်ရန် နယ်ခြားစောင့်ရဲ လိုက်ပါလာသော အမြန်ရေယာဉ်ကို AA အဖွဲ့မှ ဖမ်းဆီးသွားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အချို့က အတည်ပြု့သည်။

“ဒီမနက် စစ်တွေကနေ ဘူးသီးတောင်သွားတဲ့ ရွှေနဒီ ရေယာဉ်မှာ လိုက်ပါလာတဲ့ ရေယာဉ်က ရသေ့တောင်ကို နံနက် (၁၀)နာရီမှာ ရောက်တယ်။အဲ့ဒီ ရသေ့တောင်က အထွက် စုစုပေါင်း ရေယာဉ်မှာ လူ (၁၅၀)ပါတယ်။အဲ့ဒီက (၅၀)ခန့်ကို အဖွဲ့အစည်းအချို့ ဖမ်းသွားတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူ တစ်ဦးက အတည်ပြု့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၂၆)ရက်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ထမ်းဆောင်မည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် စစ်တွေ-ဘူးသီးတောင်သွား အမြန်ရေယာဉ်နှင့်လိုက်ပါလာခဲ့ပြီး ရသေ့တောင်မြို့နယ်အနီး မေယုမြစ်၌ AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အချို့က ဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် People Media မှ ဆက်လက် အတည်ပြု့ရန် ကြိုးစားလျှက်ရှိသည်။

မှတ်ချက်။။တပ်ဖွဲ့ဝင်အရေအတွက်နှင့်ဖြစ်စဉ်ကိုဆက်လက်အတည်ပြု့နေသည်။ဆက်လက်ဖော်ပြမည်။တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ အတည်ပြု့ချက်ကို ရယူရန် ဆက်လက်ကြိုးစားလျှက်ရှိသည်။

#PeopleMedia# #Police#


Share this post