• Follow Us on

Home နာမည္ႀကီးေနသည့္ ကရင္ျပည္နယ္ ျမ၀တီမွ ေရႊကုကၠဳိအိမ္ရာစီမံကိန္း ဥပေဒမလိုက္နာပါက အေရးယူမည္ ဟုဆို

နာမည္ႀကီးေနသည့္ ကရင္ျပည္နယ္ ျမ၀တီမွ ေရႊကုကၠဳိအိမ္ရာစီမံကိန္း ဥပေဒမလိုက္နာပါက အေရးယူမည္ ဟုဆို

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၁၅

နာမည္ႀကီးေနသည့္ ကရင္ျပည္နယ္ ျမ၀တီမွ ေရႊကုကၠဳိအိမ္ရာစီမံကိန္း ဥပေဒမလိုက္နာပါက အေရးယူမည္ျဖစ္ ေၾကာင္း ရင္းႏွီးျမဳပ္ႏွံ႔မႈႏွင့္ ႏိုင္ငံျခား၊ စီးပြားဆက္သြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးဗရတ္ဆင္းက ေျပာ သည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၁၅ ရက္ က်င္းပသည့္ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ၁၇ ႀကိမ္ေျမာက္ပုံမွန္ အစည္းအေ၀း တတိယေန႔တြင္ ရင္းႏွီးျမဳပ္ႏွံ႔မႈႏွင့္ ႏိုင္ငံျခား၊စီးပြားဆက္သြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးဗရတ္ဆင္းကေျပာၾကားခဲ့သည္။

“ကြင္းဆင္းစစ္ေဆးမႈအရ စီမံကိန္းရဲ႕ ၃၀ရာခိုင္နႈန္းကို စတင္တည္ေဆာက္လ်က္ရွိၿပီး ျပည္တြင္းအလုပ္သမား ၃၄ဦးနဲ႔ ျပည္ပအလုပ္သမား ၃ ဦး ခန္႔ထားၿပီးေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။ လုပ္ငန္းေဆာင္ရြက္မႈမ်ားကို နည္းဥပ ေဒ၊ တည္ဆဲဥပေဒမ်ားႏွင့္အညီ ေဆာင္ရြက္သြားရန္ ကုမၸဏီကိုမွာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မရွင္က ျမန္မာရတီအင္တာေနရွင္နယ္ ဂိုးဒင္းဂ႐ုကုမၸဏီလီမိတက္ကို ေဆာက္လုပ္ေရးနဲ႔ လုပ္ငန္းလုပ္ ရန္ခြင့္ျပဳခဲ့တဲ့ေရႊကုကၠဳိ အိမ္ရာစီမံကိန္းဟာ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈဥပေဒနဲ႔အညီ စီစစ္ခြင့္ျပဳခဲ့ျခင္းျဖစ္ပါတယ္။ ထိုေၾကာင့္ကုမၸဏီအေနျဖင့္ရင္းႏွီးျမဳပ္ႏွံမႈဥပေဒ ၆၅ ပါ ရင္းႏွီးျမဳပ္ႏွံမႈ ဥပေဒအပါအ၀င္လိုက္နာရမဲ့တာ၀န္ စည္းကမ္းမ်ားကို ေဆာင္ရြက္ရမွာျဖစ္ၿပီး လိုက္နာရန္ပ်က္ကြက္ျခင္း၊ ခ်ိဳးေဖာက္ျခင္း၊ ေသြဖယ္ျခင္းတို႔ကို စိစစ္ေတြ႕ရွိရပါက ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္သြားမွာျဖစ္ပါတယ္’’ ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံ႔မႈေကာ္မရွင္အေနျဖင့္ ျမန္မာရတီအင္တာေနရွင္နယ္ ဂိုးဒင္းဂ႐ု ကုမၸဏီလီမိတက္ကို ကရင္ျပည္နယ္၊ ျမ၀တီျမဳိ႔နယ္ ကြင္းအမွတ္ oss၆၉ဃ ေရႊကုကၠဳိၿမဳိင္အျပင္ကြင္း ဦးပိုင္အမွတ္ ၂ ေျမ ဧရိယာ၂၅.၅ဧက ေပၚတြင္ အဆင့္ျမင့္လူေနအိမ္ရာမ်ားေဆာက္လုပ္ျခင္းနွင့္ လုပ္ငန္းေဆာင္ရြက္ရန္အတြက္ ၂၀၁၈ခုႏွစ္ ဇူလိုင္လ ၃၀ ရက္ေန႔က ခြင့္ျပဳမိန္႔အမွတ္ ၀၉၉/၂၀၁၈ နဲ႔ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး အစုရွယ္ယာရွင္မ်ား အေနျဖင့္ ျမန္မာႏိုင္ငံမွ ဦးေစာမင္းမင္းဦးက ၂၀ ရာခိုင္နႈန္း၊ ကေမၻာဒီးယားႏိုင္ငံမွ မစၥတာတန္ၾကာကိုင္က ၆၇.၈၈ ရာခိုင္နႈန္း ၊မေလးရွားႏိုင္ငံမွ မစၥတာလင္းဂ်ြန္းႀကီးမွ ၈.၀၈ ရာခိုင္နႈန္းႏွင့္ ျမန္မာေခ်ာင္းကန္ယုမွ ၄.၀၄ ရာခိုင္နႈန္း အသီးသီးထည့္၀င္ထားၾကေၾကာင္းသိရသည္။

ကုမၸဏီမတည္ရင္းႏွီးေငြပဏာမသည္ အေမရိကန္ေဒၚလာ ၂၂.၅သန္းျဖစ္ကာရင္းႏွီးျမဳပ္ႏွံမႈသက္တမ္းကာလ ႏွစ္ေပါင္း ၃ဝ ျဖစ္သည္။ အဆိုပါစီမံကိန္းအား ျပည္သူ႔လႊတ္ေတာ္တြင္ ျမ၀တီၿမိဳ႕နယ္မဲဆႏၵနယ္မွ ဦး၀င္းဗိုလ္က တင္ျပေမးျမန္းခဲ့ျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားေရာက္ရွိမႈအပါအ၀င္ ေဒသခံတို႔စိုးရိမ္ ေနမႈတို႔ကိုပါ တင္ျပခဲ့သည္။

#PeopleMedia

(unicode)
နာမည်ကြီးနေသည့် ကရင်ပြည်နယ် မြဝတီမှ ရွှေကုက္ကိုအိမ်ရာစီမံကိန်း ဥပဒေမလိုက်နာပါက အရေးယူမည် ဟုဆို
………………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၅

နာမည်ကြီးနေသည့် ကရင်ပြည်နယ် မြဝတီမှ ရွှေကုက္ကိုအိမ်ရာစီမံကိန်း ဥပဒေမလိုက်နာပါက အရေးယူမည်ဖြစ် ကြောင်း ရင်းနှီးမြုပ်နှံ့မှုနှင့် နိုင်ငံခြား၊ စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ပြော သည်။

နေပြည်တော်တွင် ဇူလိုင် ၁၅ ရက် ကျင်းပသည့်ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့တွင် ရင်းနှီးမြုပ်နှံ့မှုနှင့် နိုင်ငံခြား၊စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းကပြောကြားခဲ့သည်။

“ကွင်းဆင်းစစ်ဆေးမှုအရ စီမံကိန်းရဲ့ ၃၀ရာခိုင်နှုန်းကို စတင်တည်ဆောက်လျက်ရှိပြီး ပြည်တွင်းအလုပ်သမား ၃၄ဦးနဲ့ ပြည်ပအလုပ်သမား ၃ ဦး ခန့်ထားပြီးကြောင်းတွေ့ရှိခဲ့ရပါတယ်။ လုပ်ငန်းဆောင်ရွက်မှုများကို နည်းဥပ ဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန် ကုမ္ပဏီကိုမှာကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်က မြန်မာရတီအင်တာနေရှင်နယ် ဂိုးဒင်းဂရုကုမ္ပဏီလီမိတက်ကို ဆောက်လုပ်ရေးနဲ့ လုပ်ငန်းလုပ် ရန်ခွင့်ပြုခဲ့တဲ့ရွှေကုက္ကို အိမ်ရာစီမံကိန်းဟာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနဲ့အညီ စီစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ထိုကြောင့်ကုမ္ပဏီအနေဖြင့်ရင်းနှီးမြုပ်နှံမှုဥပဒေ ၆၅ ပါ ရင်းနှီးမြုပ်နှံမှု ဥပဒေအပါအဝင်လိုက်နာရမဲ့တာဝန် စည်းကမ်းများကို ဆောင်ရွက်ရမှာဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်း၊ သွေဖယ်ခြင်းတို့ကို စိစစ်တွေ့ရှိရပါက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ့မှုကော်မရှင်အနေဖြင့် မြန်မာရတီအင်တာနေရှင်နယ် ဂိုးဒင်းဂရု ကုမ္ပဏီလီမိတက်ကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကွင်းအမှတ် oss၆၉ဃ ရွှေကုက္ကိုမြိုင်အပြင်ကွင်း ဦးပိုင်အမှတ် ၂ မြေ ဧရိယာ၂၅.၅ဧက ပေါ်တွင် အဆင့်မြင့်လူနေအိမ်ရာများဆောက်လုပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၁၈ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က ခွင့်ပြုမိန့်အမှတ် ၀၉၉/၂၀၁၈ နဲ့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာရှင်များ အနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ မစ္စတာတန်ကြာကိုင်က ၆၇.၈၈ ရာခိုင်နှုန်း ၊မလေးရှားနိုင်ငံမှ မစ္စတာလင်းဂျွန်းကြီးမှ ၈.၀၈ ရာခိုင်နှုန်းနှင့် မြန်မာချောင်းကန်ယုမှ ၄.၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြကြောင်းသိရသည်။

ကုမ္ပဏီမတည်ရင်းနှီးငွေပဏာမသည် အမေရိကန်ဒေါ်လာ ၂၂.၅သန်းဖြစ်ကာရင်းနှီးမြုပ်နှံမှုသက်တမ်းကာလ နှစ်ပေါင်း ၃ဝ ဖြစ်သည်။ အဆိုပါစီမံကိန်းအား ပြည်သူ့လွှတ်တော်တွင် မြဝတီမြို့နယ်မဲဆန္ဒနယ်မှ ဦးဝင်းဗိုလ်က တင်ပြမေးမြန်းခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိမှုအပါအဝင် ဒေသခံတို့စိုးရိမ် နေမှုတို့ကိုပါ တင်ပြခဲ့သည်။

#PeopleMedia


Share this post