• Follow Us on

Home နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးအား CDM အားပေးအားမြှောက်မှုဖြင့် အမှုဖွင့်ထား ကြောင်း နိုင်ငံပိုင်သတင်းစာဖော်ပြ

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးအား CDM အားပေးအားမြှောက်မှုဖြင့် အမှုဖွင့်ထား ကြောင်း နိုင်ငံပိုင်သတင်းစာဖော်ပြ

Share this post

ရန်ကုန်၊ မတ် – ၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်း၊ အမှတ် (၁၃/က)ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူနှင့် ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်မြင့်မြင့်ခင် ဖေ(ခ)ဒေါ်ရွှေဇီးကွက်အား CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား အားပေးအားမြှောက်ပြုမှု ဖြင့် မရမ်းကုန်းမြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်း စာတွင် ဖော်ပြထားသည်။

 

အဆိုပါအမှုနှင့်ပတ်သက်၍ မတ် ၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အား ဝင်ရောက်ရှာဖွေခဲ့ရာ CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့နေသည့် စာရွက်စာတမ်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

စိစစ်ချက်များအရ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများ အား ထောက်ပံ့ပေးနိုင်ရေးအတွက် အမည်ခံ၍ 88 Nyein Pwint အပါအဝင် ပြည်တွင်းပြည်ပရှိ ကုမ္ပဏီအဖွဲ့ အစည်း၊ လူပုဂ္ဂိုလ် စုစုပေါင်း ၄၉၈ ဦးတို့ထံမှ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၃ ရက်အထိ ပေးပို့လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၆၁၃၃၉၄၃၅၀ (ငွေကျပ်သိန်းပေါင်းခြောက်ထောင့်တစ်ရာကျော်)နှင့် အမေရိကန်ဒေါ်လာ ၂၀၆၇၀ ကို လက်ခံရရှိခဲ့ကြောင်း၊ ၎င်းအပြင် သိန်းပေါင်းနှစ်သောင်း ထည့်ဝင်ထားသည့် Fix Deposit Bank Account ၆ ခုကိုလည်း ဖော်ထုတ်ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရကြောင်း သိရသည်။

 

အဆိုပါငွေများအနက်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုရှိ CDM တွင် ပါဝင်လှုပ်ရှားနေသည့် ဝန်ထမ်းများထံ သို့ အသင်းအဖွဲ့လူပုဂ္ဂိုလ်များတစ်ဆင့် မတ် ၂ ရက် အထိ CDM တွင် ပါဝင်လှုပ်ရှားနေသူ ဝန်ထမ်း ၂၀၀၈ ဦး ခန့်အား တစ်ဦးလျှင် ၁ သိန်းကျပ်မှ ၂ သိန်းကျပ်ခန့်အထိ စုစုပေါင်းငွေကျပ် ၂၈၅၆၃၀၀၀၀ (သိန်းပေါင်းနှစ် ထောင့်ရှစ်ရာကျော်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

ထို့အပြင် ရန်ကုန်မြို့ရှိ ကွန်တိန်နာယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းများဖြင့် CDM ပြုလုပ်ရန် အားပေးအားမြှောက်လုပ်ဆောင်လျက်ရှိကြောင်းလည်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ၎င်းတို့၏ နာရေးကူညီမှုအသင်းအား အကြောင်းပြ၍ လှူ ဒါန်းထားသော ထောက်ပံ့ငွေများအား အလွဲသုံးစားပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် တရားဥပ ဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 

#PeopleMedia #ဦးကျော်သူ#CDM

 

(unicode)

………………………………………………………………….










Share this post