• Follow Us on

Home နိုင်ဂျီးရီးယားတပ်မတော်က ဓားပြတိုက်မှုများ နှိမ်နင်းရန် အမျိုးသမီးတပ်ဖွဲ့ စေလွှတ်

နိုင်ဂျီးရီးယားတပ်မတော်က ဓားပြတိုက်မှုများ နှိမ်နင်းရန် အမျိုးသမီးတပ်ဖွဲ့ စေလွှတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အဝေးပြေးလမ်းမတစ်လျောက် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် အခြားရာဇဝတ်မှုများ များပြားလာမှု ကိုင်တွယ်ဖြေရှင်းရန် နာမည်ဆိုးဖြင့်ကျော်ကြားသော ကာဒူနာ-အဘူဂျာလမ်းမကြီးသို့ အမျိုးသမီးစစ်သည် ၃၀၀ တပ်ဖြန့်ခဲ့ကြောင်း နိုင်ဂျီးရီးယားတပ်မတော်က ပြောကြားလိုက်သည်။

နိုင်ဂျီးရီးယားတပ်မတော် အမျိုးသမီးတပ်ဖွဲ့ကို အဝေးပြေးလမ်းမကြီးဘေး ကာကော်အခြေစိုက်စခန်း၌ ပြည် နယ်အုပ်ချုပ်ရေးမှူး နာဆာအယ်ရူဖိုင်က တရားဝင် အခမ်းအနားဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။

အဝေးပြေးလမ်းမကြီးတစ်လျောက် အမျိုးသမီးစစ်သမီးများ ဖြန့်ကြက်မှုက မလုံခြုံမှုများအတွက် မကြာမီ အပြောင်းအလဲတစ်ရပ်ဖြစ်စေမည်ဟု ယုံကြည်ကြောင်း ရူဖိုင်က ပြောသည်။

အမျိုးသမီးစစ်သမီးများက အဝေးပြေးလမ်းမကြီးတစ်လျောက်အပြင် ပြည်နယ်အတွင်း လုံခြုံရေးဆောင် ရွက်ပေးမည်ဟု ၎င်းက ဆိုသည်။

အမျိုးသမီးတပ်ဖွဲ့ ဖြန့်ကြက်မှုက ပြည်တွင်းလုံခြုံရေးအတွက် အထောက်အပံ့ဖြစ်စေကြောင်း နိုင်ဂျီးရီးယား တပ်မတော်မှ ဗိုလ်ချုပ် အူစမန်မိုဟာမက်က ပြောသည်။

အမျိုးသမီးတပ်ဖွဲ့များ အခမ်းအနားဖြင့်ကြိုဆိုပွဲ တက်ရောက်သည့်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး ရူ ဖိုင်နှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ၎င်းက ပြောသည်။

ကိုးကား – ဆဟာရရီပိုတာ

Ref; Nigerian Army Deploys 300 Female Soldiers To Fight Banditry On Kaduna-Abuja Road

#PeopleMedia

(unicode)
……………………………………..









Ref; Nigerian Army Deploys 300 Female Soldiers To Fight Banditry On Kaduna-Abuja Road

#PeopleMedia


Share this post