• Follow Us on
Latest News

Home နိုင္ဂ်ီးရီးယား စစ္ဗိုလ္ခ်ဳပ္ ၁၈ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

နိုင္ဂ်ီးရီးယား စစ္ဗိုလ္ခ်ဳပ္ ၁၈ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင္ဂ်ီးရီးယားဗိုလ္ခ်ဳပ္ႀကီး ၁၈ ဦးမွာ လက္ရွိတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရျခင္းေၾကာင့္ ေဆးကု သမႈခံယူေနရေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံထားရေသာ နိုင္ဂ်ီးရီးယား အႀကီးတန္း စစ္ဘက္အရာရွိမ်ားက ၂၀၂၀ ျပည့္ ႏွစ္ စစ္ဦးစီးခ်ဳပ္မ်ားညီလာခံတြင္ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရျခင္းျဖစ္သည္။

မၾကာေသးမီရက္မ်ားက ကြယ္လြန္ခဲ့သည့္ ဗိုလ္ခ်ဳပ္ ဂၽြန္ဆင္အိုင္ရီဖင္ထံမွ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ ရဖြယ္ရွိေၾကာင္း ၾကည္းတပ္စစ္ဌာနခ်ဳပ္မွ အႀကီးတန္း စစ္ဘက္အရာရွိတစ္ဦးက ေျပာသည္။

“စစ္ဦးစီးခ်ဳပ္မ်ားညီလာခံအတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံခဲ့ရတယ္ဆိုတာ သံသယရွိစရာမလိုပါဘူး။ မၾကာမီ ျပန္လည္သက္သာဖို႔ ဆုေတာင္းပါတယ္” ဟု ၄င္းက ေျပာသည္။

ကြယ္လြန္သူ ဗိုလ္ခ်ဳပ္ ဂၽြန္ဆင္အိုင္ရီဖင္က ညီလာခံမတက္ေရာက္မီ မိတ္ေဆြအခ်ိဳ႕၏ ေနအိမ္မ်ားသို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။

ညီလာခံတက္ေရာက္ခဲ့သည့္ စစ္ဘက္အရာရွိႀကီးမ်ား၊ ၄င္းတို႔၏ဇနီးမ်ား၊ မိသားစုဝင္မ်ား တစ္ပတ္ၾကာ သီးျခားခြဲေနၾကရန္ နိုင္ဂ်ီးရီးယား ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာန (NCDC) က ညႊန္ၾကားခဲ့သည္။

ကိုးကား – ေအာအာဖရိက

Ref; Nigeria: 18 Army Generals Contract Covid-19

(unicode)
နိုင်ဂျီးရီးယား စစ်ဗိုလ်ချုပ် ၁၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
…………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ဂျီးရီးယားဗိုလ်ချုပ်ကြီး ၁၈ ဦးမှာ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းကြောင့် ဆေးကု သမှုခံယူနေရကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော နိုင်ဂျီးရီးယား အကြီးတန်း စစ်ဘက်အရာရှိများက ၂၀၂၀ ပြည့် နှစ် စစ်ဦးစီးချုပ်များညီလာခံတွင် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

မကြာသေးမီရက်များက ကွယ်လွန်ခဲ့သည့် ဗိုလ်ချုပ် ဂျွန်ဆင်အိုင်ရီဖင်ထံမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ ရဖွယ်ရှိကြောင်း ကြည်းတပ်စစ်ဌာနချုပ်မှ အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးက ပြောသည်။

“စစ်ဦးစီးချုပ်များညီလာခံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ မကြာမီ ပြန်လည်သက်သာဖို့ ဆုတောင်းပါတယ်” ဟု ၄င်းက ပြောသည်။

ကွယ်လွန်သူ ဗိုလ်ချုပ် ဂျွန်ဆင်အိုင်ရီဖင်က ညီလာခံမတက်ရောက်မီ မိတ်ဆွေအချို့၏ နေအိမ်များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ညီလာခံတက်ရောက်ခဲ့သည့် စစ်ဘက်အရာရှိကြီးများ၊ ၄င်းတို့၏ဇနီးများ၊ မိသားစုဝင်များ တစ်ပတ်ကြာ သီးခြားခွဲနေကြရန် နိုင်ဂျီးရီးယား ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (NCDC) က ညွှန်ကြားခဲ့သည်။

ကိုးကား – အောအာဖရိက

Ref; Nigeria: 18 Army Generals Contract Covid-19


Share this post