• Follow Us on

Home နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒကိုလျစ်လျူရှုခြင်းမပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒကိုလျစ်လျူရှုခြင်းမပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် စစ်မှန်စွာ မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့တို့သည်လည်း တရားမဝင် အဖွဲ့အစည်း နှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊  ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့် လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များချမှတ်အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြကြောင်း တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်။

 

အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အ မတ်များအနေဖြင့် အဆိုပါအကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာနိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်းစသည့်လုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက် သည့်အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာလည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ထောက်ပြလိုသည်။ ထို့ပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ များနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

 

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့၏ အသွင်သဏ္ဍာန်မျိုးစုံကို ရှုတ်ချသည့် မြန်မာနိုင်ငံ၏ တစ်သမတ် တည်းဖြစ်သော ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်လောင်းဖော်ပြလျက် အကြမ်းဖက်မှု ကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း ထပ် လောင်းအတည်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #MOFA

 

(unicode)


………………………………………………………………………….

 


 


 


 


 


 

#PeopleMedia #MOFA


Share this post