• Follow Us on

Home နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လန်ဒန်အခြေစိုက် MAP-Myanmar Accountability Project က အမှုဖွင့်တရားစွဲမည်

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လန်ဒန်အခြေစိုက် MAP-Myanmar Accountability Project က အမှုဖွင့်တရားစွဲမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (People Media)

 

မြန်မာစစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန္ဒပြခဲ့သည့် ဆန္ဒပြပြည်သူများကို နှိမ်နှင်းမှုနှင့်ပတ်သက်၍ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ အမှုဖွင့် တရားစွဲဖို့ လန်ဒန်အခြေစိုက် MAP- Myanmar Accountability Project က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။

 

“တရားမဝင်အာဏာသိမ်းထားတဲ့စစ်ခေါင်းဆောင်ဟာ သူ့အမိန့်အရ သူ့တပ်ဖွဲ့ဝင်တွေက ရက်စက်တဲ့ရာဇဝတ်မှု တွေ ကျူးလွန်ခဲ့တာမို့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သူ့မှာတာဝန်ရှိပါတယ်” ဟု MAP ဒါရိုက်တာ ခရစ္စတိုဖာဂါး နက်က ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

 

စစ်အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ကလေးသူငယ် ၇၅ ဦးကျော်အပါအဝင် ဆန္ဒပြပြည်သူပေါင်း ၁၃၀၅ ဦး ထက်မနည်းသေဆုံးခဲ့ရပြီး ပြည်သူ ၁၀၇၅၆ ဦး ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး AAPP ထုတ်ပြန်ကြေညာချက်အရသိရသည်။

 

MAP အဖွဲ့က လတ်တလောအဖြစ်အပျက်များအပြင် ၎င်းတို့စုဆောင်းထားသည့် အကြမ်းဖက်မှုသက်သေများ က ညှင်းပန်းနှိပ်စက်မှုများကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျကျင့်သုံးလျက်ရှိသည်ကို ပြသ နေကြောင်း ပြောသည်။

 

စွပ်စွဲချက်များကိုထောက်ပံံ့ရန် စစ်အာဏာသိမ်းပြီးကတည်းက စုဆောင်းထားသည့်အချက်အလက်ပေါင်း ၂၁၉၀၀၀ ကျော်ရရှိထားကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် နစ်ကလပ်ကွန်ဂျီယမ်က ပြောသည်။

 

စစ်အာဏာသိမ်းပြီး ပထမဦးဆုံးသီတင်းပတ်ခြောက်အတွင်း ဆန္ဒပြပြည်သူများကို ဖိနှိပ်ဖြိုခွင်းရာတွင် အကြမ်း ဖက်နည်းလမ်းများကို အသုံးပြုမှုမြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအရာရှိများကပြောသည်။

 

ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရကို အာဏာပြန်အပ်ရန် တောင်းဆိုနေကြသည့် ဆန္ဒပြပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရည်ရွယ်ချက်ရှိရှိ ဝိုင်းဝန်းပိတ်ဆို့၍ အကြမ်းဖက်နှိမ်နှင်းခဲ့ကြောင်း လူ့အခွင့်အရေးစာင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြော သည်။

 

Ref: Myanmar’s Min Aung Hlaing accused of crimes against humanity

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: Myanmar’s Min Aung Hlaing accused of crimes against humanity

 

#PeopleMedia


Share this post