• Follow Us on

Home နိုင္ငံပိုင္႐ုပ္သံမီဒီယာမွ ထုတ္လႊင့္သည့္ နိုင္ငံေရးပါတီမ်ား ေဟာေျပာခ်က္ အစီအစဥ္တြင္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) မပါဝင္ေတာ့ဟုဆို

နိုင္ငံပိုင္႐ုပ္သံမီဒီယာမွ ထုတ္လႊင့္သည့္ နိုင္ငံေရးပါတီမ်ား ေဟာေျပာခ်က္ အစီအစဥ္တြင္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) မပါဝင္ေတာ့ဟုဆို

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၁၃
ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) အေနႏွင့္ နိုင္ငံပိုင္႐ုပ္သံ မီဒီယာ MRTV မွ ထုတ္လႊင့္ေနသည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမည့္ နိုင္ငံေရးပါတီမ်ား ေဟာေျပာခ်က္ အစီအစဥ္၌ ပါ၀င္ေဟာေျပာမည္ မဟုတ္ေၾကာင္း KSPP ပါတီမွ တာ၀န္ရွိသူထံက သိရသည္။
နိုင္ငံပိုင္႐ုပ္သံတြင္ သြားေရာက္ေဟာေျပာလၽွင္ Quarantine ႀကိဳတင္၀င္ရမည္ ျဖစ္သည့္အတြက္ အဆင္မေျပေၾကာင္း ထို႔အျပင္ တင္ျပခ်က္မ်ားကို အရင္တည္းျဖတ္မည့္ကိစၥကိုလည္း လက္မခံသည့္အတြက္ ေဟာေျပာမႈတြင္ မပါဝင္ျခင္း ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ျပည္သူ႔ပါတီမွ ဒုတိယဥကၠ႒ ဦးေအာင္ခမ္းက ယခုကဲ့သို႔ ဆို​သည္။
“နိုင္ငံေတာ္႐ုပ္သံမွာ မလႊင့္ျဖစ္တာက ႏွစ္ခ်က္ရွိပါတယ္။ ပထမအခ်က္က သူတို႔ဆီမွာ သြားေျပာမယ္ဆိုရင္ ကြာရန္တင္း အရင္၀င္ရမယ္တဲ့ ေနာက္ၿပီး ေျပာမယ့္သူက တာ၀န္ရွိတဲ့သူျဖစ္ေနတဲ့ အျပင္ ေရြးေကာက္ပြဲနဲ႔ တိုက္ေနတဲ့အခ်ိန္လဲျဖစ္တာေၾကာင့္ အခ်ိန္ေတြ အကုန္လုံး အဲ့ဒီမွာ ပါသြားနိုင္တယ္ ဒါကိုလည္း မလိုလားဘူး၊ အေရးႀကီးတဲ့ ေနာက္တစ္ခ်က္ကေတာ့ ကၽြန္ေတာ္တို႔တင္ျပတာေတြကို သူတို႔အရင္တည္းျဖတ္မယ္ ဒါကို ကၽြန္ေတာ္တို႔ လက္မခံနိုင္ဘူး ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ မေျပာေတာ့ဘူး” ဟု ဦးေအာင္ခမ္းက ဆိုသည္။
လက္ရွိတြင္ ယင္းအစီအစဥ္ကို ထုတ္လႊင့္ေပးေနသည့္ နိုင္ငံပိုင္႐ုပ္သံျဖစ္သည့္ MRTV တြင္ နိုင္ငံေရးပါတီေပါင္း ၅၀ ေက်ာ္ ၀င္ေရာက္ေဟာေျပာထားၿပီး ကခ်င္ျပည္နယ္အတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ျပည္မအေျခစိုက္ပါတီႀကီးမ်ားျဖစ္သည့္ ျပည္ခိုင္ၿဖိဳး (USDP)၊ ဒီခ်ဳပ္ (NLD)၊ PPP၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ညီညႊတ္ေသာဒီမိုကရက္တစ္ပါတီ(ႏွင္းဆီပါတီ)၊ တိုင္းရင္းသား စည္းလုံးညီညႊတ္ေရးပါတီ စသည့္ ပါတီႀကီးမ်ား အပါအဝင္ ကခ်င္ျပည္နယ္ အေျခစိုက္ပါတီႏွင့္ တိုင္းရင္းသားပါတီမ်ား ျဖစ္ၾကသည့္ ဒီမိုကေရစီပါတီသစ္ကခ်င္ NDP(Kachin)၊ ေလာ္ေဝၚအမ်ိဳးသားစည္းလုံးညီညႊတ္ေရးဖြံ့ၿဖိဳးေရးပါတီ (LNUDP) ႏွင့္ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ ( KNC )၊ လီဆူအမ်ိဳးသား ဖြံ့ၿဖိဳးတိုးတက္ေရးပါတီ (ဒူးေလးပါတ္ီ)၊ ရွမ္းနီ(ရွမ္းနီ)ေသြးစည္းညီညႊတ္ေရးပါတီ တို႔မွလည္း ထုတ္လႊင့္ေဟာေျပာခဲ့ၿပီး ျဖစ္သည္။
“အဓိကကေတာ့ ပြင့္လင္းမႈေပါ့ ပြင့္ပြင့္လင္းလင္းနဲ႔ တင္ျပခြင့္ရွိရမယ္ ဒီမိုကေရစီကို အေၾကာင္းျပၿပီးမွ သူတို႔ လုပ္ခ်င္သလို လုပ္တဲ့ဟာမ်ိဳးကိုေတာ့ အလိုမရွိဘူး” ဟု ၎ကဆက္လက္ ေျပာဆိုသည္။
၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္အတြင္းရွိ မဲဆႏၵနယ္အသီးသီးမွ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ တစ္သီး ပုဂၢလ ကိုယ္စားလွယ္ေလာင္းမ်ား အပါအဝင္ နိုင္ငံေရးပါတီ ၁၉ ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၄၈၀) ဦးရွိသည္ဟု သိရသည္။
သတင္း – သက္ေဝ
ဓါတ္ပုံ – KSPP
#PeopleMedia #KSPP
(unicode)
နိုင်ငံပိုင်ရုပ်သံမီဒီယာမှ ထုတ်လွှင့်သည့် နိုင်ငံရေးပါတီများ ဟောပြောချက် အစီအစဥ်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မပါဝင်တော့ဟုဆို
………………………………………………………
မြစ်ကြီးနား၊ အောက်တိုဘာ ၁၃
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေနှင့် နိုင်ငံပိုင်ရုပ်သံ မီဒီယာ MRTV မှ ထုတ်လွှင့်နေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ ဟောပြောချက် အစီအစဥ်၌ ပါ၀င်ဟောပြောမည် မဟုတ်ကြောင်း KSPP ပါတီမှ တာ၀န်ရှိသူထံက သိရသည်။
နိုင်ငံပိုင်ရုပ်သံတွင် သွားရောက်ဟောပြောလျှင် Quarantine ကြိုတင်၀င်ရမည် ဖြစ်သည့်အတွက် အဆင်မပြေကြောင်း ထို့အပြင် တင်ပြချက်များကို အရင်တည်းဖြတ်မည့်ကိစ္စကိုလည်း လက်မခံသည့်အတွက် ဟောပြောမှုတွင် မပါဝင်ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ခမ်းက ယခုကဲ့သို့ ဆို​သည်။
“နိုင်ငံတော်ရုပ်သံမှာ မလွှင့်ဖြစ်တာက နှစ်ချက်ရှိပါတယ်။ ပထမအချက်က သူတို့ဆီမှာ သွားပြောမယ်ဆိုရင် ကွာရန်တင်း အရင်၀င်ရမယ်တဲ့ နောက်ပြီး ပြောမယ့်သူက တာ၀န်ရှိတဲ့သူဖြစ်နေတဲ့ အပြင် ရွေးကောက်ပွဲနဲ့ တိုက်နေတဲ့အချိန်လဲဖြစ်တာကြောင့် အချိန်တွေ အကုန်လုံး အဲ့ဒီမှာ ပါသွားနိုင်တယ် ဒါကိုလည်း မလိုလားဘူး၊ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ ကျွန်တော်တို့တင်ပြတာတွေကို သူတို့အရင်တည်းဖြတ်မယ် ဒါကို ကျွန်တော်တို့ လက်မခံနိုင်ဘူး ဒါ့ကြောင့် ကျွန်တော်တို့ မပြောတော့ဘူး” ဟု ဦးအောင်ခမ်းက ဆိုသည်။
လက်ရှိတွင် ယင်းအစီအစဥ်ကို ထုတ်လွှင့်ပေးနေသည့် နိုင်ငံပိုင်ရုပ်သံဖြစ်သည့် MRTV တွင် နိုင်ငံရေးပါတီပေါင်း ၅၀ ကျော် ၀င်ရောက်ဟောပြောထားပြီး ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ပြည်မအခြေစိုက်ပါတီကြီးများဖြစ်သည့် ပြည်ခိုင်ဖြိုး (USDP)၊ ဒီချုပ် (NLD)၊ PPP၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ စသည့် ပါတီကြီးများ အပါအဝင် ကချင်ပြည်နယ် အခြေစိုက်ပါတီနှင့် တိုင်းရင်းသားပါတီများ ဖြစ်ကြသည့် ဒီမိုကရေစီပါတီသစ်ကချင် NDP(Kachin)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးဖွံ့ဖြိုးရေးပါတီ (LNUDP) နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ ( KNC )၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတ်ီ)၊ ရှမ်းနီ(ရှမ်းနီ)သွေးစည်းညီညွှတ်ရေးပါတီ တို့မှလည်း ထုတ်လွှင့်ဟောပြောခဲ့ပြီး ဖြစ်သည်။
“အဓိကကတော့ ပွင့်လင်းမှုပေါ့ ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြခွင့်ရှိရမယ် ဒီမိုကရေစီကို အကြောင်းပြပြီးမှ သူတို့ လုပ်ချင်သလို လုပ်တဲ့ဟာမျိုးကိုတော့ အလိုမရှိဘူး” ဟု ၎င်းကဆက်လက် ပြောဆိုသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အသီးသီးမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄၈၀) ဦးရှိသည်ဟု သိရသည်။
သတင်း – သက်ဝေ
ဓါတ်ပုံ – KSPP

Share this post