• Follow Us on

Home နိုင်ငံသားကတ်စစ်ဆေးရေးဆောင်ရွက်နေသူများ အများပြည်သူခရီးသွားလာမှုအနှောက်အယှက်မဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးကို မထိခိုက်စေရေးစနစ်တကျစစ်ဆေးရန် လဝကဝန်ကြီး မှာကြား

နိုင်ငံသားကတ်စစ်ဆေးရေးဆောင်ရွက်နေသူများ အများပြည်သူခရီးသွားလာမှုအနှောက်အယှက်မဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးကို မထိခိုက်စေရေးစနစ်တကျစစ်ဆေးရန် လဝကဝန်ကြီး မှာကြား

Share this post

မကွေး၊ ဧပြီ ၄

 

နိုင်ငံသားကတ် စစ်ဆေးရေးဆောင်ရွက်နေသူများအနေဖြင့် အများပြည်သူ ခရီးသွားလာမှု အနှောက်အယှက် မဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေး လုပ်ငန်းကို မထိခိုက်စေရေး စနစ်တကျစစ်ဆေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မှာကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတံတား(မကွေး) မင်းဘူး ဘက်ခြမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မကွေးမြို့၊ မကွေး-တောင်တွင်းကြီးလမ်း၊ ကံပြား စစ်ဆေးရေးဂိတ်များ သွားရောက်စစ်ဆေးသကဲ့သို့ နေပြည်တော်-ကံပြားလမ်း၊ မြို့သစ်နှင့် တောင်တွင်းကြီးလမ်းခွဲရှိ ဆောက်လုပ် ရေးဧည့်ခန်းမ၌  ပူးပေါင်းစစ်ဆေးရေးဆောင်ရွက်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားပြည်သူများအား တွေ့ဆုံခဲ့သည်။

 

“စစ်ဆေးရေး ဆောင်ရွက်နေသူများအနေဖြင့် အများပြည်သူ ခရီးသွားလာမှု အနှောက်အယှက်မဖြစ်စေရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးလုပ်ငန်းကို မထိခိုက်စေရေး စနစ်တကျစစ်ဆေးရန်နှင့် နိုင်ငံသား ကတ်ပါရှိခြင်း ရှိ/မရှိ ပြသစေခြင်းသာ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မပါရှိသူများကို မှတ်တမ်းထားရှိကာ မပြုလုပ်ရသေးပါက သက်ဆိုင်ရာရုံးများသို့ ဆက်သွယ်ဆောင်ရွက်ရန်နှင့် နောင်အစစ်ဆေးခံနိုင်ရန် ယူဆောင် လာရေး ရှင်းလင်းချပြကြရန်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

“နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကိုမသိကြဘဲ အဆင်ပြေသလို ထောက်ခံစာဖြင့် သွားလာဆောင်ရွက်နေ ကြသည်ကို ခွင့်မပြုတော့ဘဲ နိုင်ငံသားကတ်ရှိမှ ဖြစ်မည့်ဆိုသည့် အသိရရှိစေရေး အလေးထား ဆောင်ရွက်ကြ စေလိုကြောင်း” ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆက်လက်ပြောသည်။

 

(unicode)


………………………………

 


 


 


 


 



Share this post