• Follow Us on

Home နိုင္ငံသားတိုင္းစစ္ပညာသင္ၾကားရန္ႏွင့္ စစ္မႈထမ္းရန္တာဝန္ရွိေၾကာင္း တပ္ခ်ဳပ္ေျပာၾကား

နိုင္ငံသားတိုင္းစစ္ပညာသင္ၾကားရန္ႏွင့္ စစ္မႈထမ္းရန္တာဝန္ရွိေၾကာင္း တပ္ခ်ဳပ္ေျပာၾကား

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နိုင္ငံသားတိုင္း၊ စစ္ပညာသင္ၾကားရန္ႏွင့္ စစ္မႈထမ္းရန္တာဝန္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၇) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားတြင္ ေျပာၾကားခဲ့သည္။
 
“နိုင္ငံသားတိုင္းဟာ ဥပေဒျပ႒ာန္းခ်က္မ်ားနဲ႔အညီ စစ္ပညာသင္ၾကားရန္နဲ႔ နိုင္ငံေတာ္ကာကြယ္ေရးအတြက္ စစ္မႈထမ္းရန္တာ ဝန္ရွိတယ္လို႔ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၃၈၆ မွာ ေဖာ္ျပထားၿပီးျဖစ္တယ္”ဟု ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာသည္။
 
ျမန္မာနိုင္ငံသည္ လူဦးေရမ်ားျပားသည့္နိုင္ငံမ်ားႏွင့္ နယ္နိမိတ္ထိစပ္တည္ရွိေနျခင္းျဖစ္ၿပီး၊ မိမိတို႔နိုင္ငံသည္ အာဆီယံႏွင့္ ေတာင္အာရွေဒသအၾကားတြင္ ေပါင္းကူးေပးနိုင္သည့္ ကုန္းတြင္းဆက္တံတားသဖြယ္တည္ရွိလ်က္ရွိေၾကာင္း၊ ပထဝီအေန အထားအရ၊ မဟာဗ်ဴဟာအရ အခ်က္အခ်ာက်သည့္ နိုင္ငံတစ္နိုင္ငံျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ နိုင္ငံလြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကို ကာကြယ္ရန္ စစ္ပညာသင္ၾကားရန္ႏွင့္ စစ္မႈထမ္းရန္ နိုင္ငံသားတိုင္း မျဖစ္မေနလုပ္ေဆာင္ရမည့္ တာဝန္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ဆက္လက္ေျပာသည္။
 
ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ နိုင္ငံတိုင္းတြင္ အုပ္ခ်ဳပ္သူအစိုးရမ်ား ေျပာင္းလဲတတ္ေသာ္လည္း နိုင္ငံႏွင့္ တပ္မေတာ္သည္ အစဥ္အၿမဲရွိေနရမည့္အဖြဲ႕အစည္းမ်ားျဖစ္ေၾကာင္း၊ နိုင္ငံ အခ်ဳပ္ အျခာအာဏာတည္တံ့ခိုင္ၿမဲေနရန္အတြက္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ရမည့္ တပ္မေတာ္တစ္ရပ္ရွိေနရမည္ျဖစ္ေၾကာင္း၊ ခိုင္မာေတာင့္တင္းသည့္ တပ္မေတာ္တစ္ရပ္အၿမဲတည္ရွိေနရန္ နိုင္ငံသားတိုင္းတြင္ တာဝန္ရွိသည္ကို ေျပာလိုေၾကာင္း ေျပာၾကား ခဲ့သည္။
 
#PeopleMedia #တပ္ခ်ဳပ္ #တပ္မေတာ္
 
(unicode)
နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန်တာဝန်ရှိကြောင်း တပ်ချုပ်ပြောကြား
…………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နိုင်ငံသားတိုင်း၊ စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန်တာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။
 
“နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာ ဝန်ရှိတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ မှာ ဖော်ပြထားပြီးဖြစ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
 
မြန်မာနိုင်ငံသည် လူဦးရေများပြားသည့်နိုင်ငံများနှင့် နယ်နိမိတ်ထိစပ်တည်ရှိနေခြင်းဖြစ်ပြီး၊ မိမိတို့နိုင်ငံသည် အာဆီယံနှင့် တောင်အာရှဒေသအကြားတွင် ပေါင်းကူးပေးနိုင်သည့် ကုန်းတွင်းဆက်တံတားသဖွယ်တည်ရှိလျက်ရှိကြောင်း၊ ပထဝီအနေ အထားအရ၊ မဟာဗျူဟာအရ အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောသည်။
 
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် နိုင်ငံတိုင်းတွင် အုပ်ချုပ်သူအစိုးရများ ပြောင်းလဲတတ်သော်လည်း နိုင်ငံနှင့် တပ်မတော်သည် အစဉ်အမြဲရှိနေရမည့်အဖွဲ့အစည်းများဖြစ်ကြောင်း၊ နိုင်ငံ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲနေရန်အတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမည့် တပ်မတော်တစ်ရပ်ရှိနေရမည်ဖြစ်ကြောင်း၊ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ်အမြဲတည်ရှိနေရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ကို ပြောလိုကြောင်း ပြောကြား ခဲ့သည်။
 
#PeopleMedia #တပ်ချုပ် #တပ်မတော်

Share this post