• Follow Us on

Home နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်ရှိရမည်ဖြစ်သလို ပြည်ထောင်စုအကျိုးကို တိုင်းရင်းသားပြည်သူအားလုံး သယ်ပိုးရ မည်ဆိုသည့်ခံယူချက်ထားရှိရန်လိုကြောင်း တိုင်းရင်းသားဝန်ကြီးပြော

နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်ရှိရမည်ဖြစ်သလို ပြည်ထောင်စုအကျိုးကို တိုင်းရင်းသားပြည်သူအားလုံး သယ်ပိုးရ မည်ဆိုသည့်ခံယူချက်ထားရှိရန်လိုကြောင်း တိုင်းရင်းသားဝန်ကြီးပြော

Share this post

နေပြည်တော်၊ မတ် ၉

 

နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်ရှိရမည်ဖြစ်သလို ပြည်ထောင်စုအကျိုးကို တိုင်းရင်းသားပြည်သူအားလုံး သယ်ပိုးရ မည်ဆိုသည့် ခံယူချက်ထားရှိရန်လိုကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောသည်။

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း) သင်တန်း အမှတ် စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို  ယန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာတတ် လူငယ်လူရွယ် များစွာလိုအပ်ပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်ရှိရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအကျိုးကို တိုင်းရင်းသားပြည်သူအားလုံး သယ်ပိုးရမယ်ဆိုတဲ့ ခံယူချက်ထားရှိဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးရရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA-Nationwide Ceasefire Agreement) ဆွေးနွေးမှုတွေ ဖိတ်ခေါ်ပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် အရေးပါသည့် ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်လျက်ရှိသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများတွင်လည်း မိမိတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 

#PeopleMedia


Share this post