• Follow Us on

Home နိုင်ငံသားအားလုံး တစ်ဦးချင်းဝင်ငွေနှင့် လျော်ညီသည့်ဈေးနှုန်းများဖြင့် စားသောက်နိုင်ရေး၊ လူတန်းစေ့နေနိုင် ရေး ပထမဦးစားပေးဆောင်ရွက်ပေးရန် န-စ-ကဥက္ကဋ္ဌ မှာကြား

နိုင်ငံသားအားလုံး တစ်ဦးချင်းဝင်ငွေနှင့် လျော်ညီသည့်ဈေးနှုန်းများဖြင့် စားသောက်နိုင်ရေး၊ လူတန်းစေ့နေနိုင် ရေး ပထမဦးစားပေးဆောင်ရွက်ပေးရန် န-စ-ကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅ (People Media)

 

နိုင်ငံအတွင်း နိုင်ငံသားအားလုံးသည် တစ်ဦးချင်းဝင်ငွေနှင့် လျော်ညီသည့်ဈေးနှုန်းများဖြင့် စားသောက်နိုင်ရေး၊ လူတန်းစေ့နေနိုင်အောင် ပထမဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။

 

ယမန်နေ့ မွန်းလဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မိမိတို့အနေဖြင့် နိုင်ငံသာယာဝပြောရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသာယာဝပြော ရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီစနစ်၊ ဝင်ငွေကောင်းမွန်မှု၊ အလုပ်အကိုင်ရရှိမှု၊ ရောဂါကင်းစင်မှု၊ ရာသီအလိုက် ပွဲလမ်းသဘင်များနှင့် ပျော်ရွှင်မှုများရှိရမည်ဖြစ်သဖြင့် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကြိုးစားဆောင်ရွက်မည်ဆိုပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံများတွင် အလယ်အလတ် အဆင့်သို့ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။

 

နိုင်ငံတကာတွင်လည်း ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ငြိမ်းချမ်းစွာဖော်ဆောင်ကြကြောင်း၊ ထိုသို့ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနည်းလမ်းမကျသည့် လက်နက်ဖြင့် အနိုင်ကျင့်၍ လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမျိုးကို မလိုလားကြောင်း၊ ထို့ကြောင့် တပ်မတော် အနေဖြင့် နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ သက်ဆိုင်ရာအရပ်ဖက် အုပ်ချုပ် ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post