• Follow Us on

Home နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေးလုပ်ဆောင်လျက်ရှိ ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေးလုပ်ဆောင်လျက်ရှိ ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ မတ် ၃

 

နိုင်ငံသူ၊ နိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေး လုပ်ဆောင်လျက်ရှိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

 

“ယနေ့အချိန်ကာလမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံသာယာဝပြောမှုရှိစေဖို့၊ စားရေရိက္ခာ ပေါများပြီး နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး စားနပ်ရိက္ခာနဲ့ အာဟာရပြည့်ဝစွာရရှိစေဖို့ ဦးစားပေး လုပ်ဆောင် လျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ အခြေခံစီးပွားရေးဖြစ်တဲ့ လယ်ယာကဏ္ဍနဲ့ စပ်လျဉ်းပြီး စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေဖို့တို့ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသလို ပြည်သူတွေရဲ့ နေ့စဉ်စားနပ်ရိက္ခာအတွက် တာဝန်ယူထုတ်လုပ်ပေးလျက်ရှိကြတဲ့ လယ်ယာစီးပွားလုပ်ငန်းရှင် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမာတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာဖို့ကိုလည်း အလေးထား ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါတယ်“ ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍအသီးသီး၏ ကုန်ထုတ်လုပ်မှုတွင် အဟန့် အတားများစွာ ဖြစ်ပေါ်ခဲ့သော်လည်း အဓိကစားနပ်ရိက္ခာများ ထုတ်လုပ်မှုတွင် မူလအတိုင်း ထုတ်လုပ်နိုင်ခဲ့ သည့်အတွက် လယ်ယာသားငါးကဏ္ဍထုတ်လုပ်မှု အရှိန်အဟုန်မကျဘဲ တိုးတက်မှုနှုန်း (၁) ရာခိုင်နှုန်း ရရှိခဲ့ ကြောင်း၊ လယ်ယာသားငါးကဏ္ဍအနေဖြင့် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုကုစားရေးအတွက် တောင်သူလယ်သမားများ ရင်း နှီးမြှုပ်နှံနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေ ၁၉၂၆ ဒသမ ၆၁ ဘီလီယံကျပ်၊ JICA နှင့် မြန်မာ့စီးပွားရေးဘဏ်၏ နှစ်ဆင့် ချေးငွေ(Two Step Loan) ၁၈၂ ဒသမ ၁၉ ဘီလီယံကျပ်၊ ကိုဗစ်-၁၉ အထူးချေးငွေ ၄၂၁ ဒသမ ၂၉ ဘီလီယံကျပ် စုစုပေါင်း ၂၅၃၀ ဒသမ ၀၉ ဘီလီယံကျပ် ထုတ်ချေးပေးထားပြီးဖြစ်ပါသည်။

 

ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices-GAP)၊ ကောင်းမွန်သောတိရစ္ဆာန် မွေးမြူ ရေးကျင့်စဉ် (Good Animal Husbandry Practices-GAHP)၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် ( Good Aquaculture PracticesD GAqP )တို့နှင့်အညီ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရန်အတွက် တောင်သူလယ် သမားများသို့ ပညာပေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post