• Follow Us on

Home နိုင်ငံအဝှမ်းအကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူ၊ တပ်၊ ရဲနှင့် အစိုးရဝန်ထမ်း သေဆုံးသူ (၁၃၃၇) ဦးတွင် ပြည်သူ (၁၁၅၅) ဦးပါဝင်

နိုင်ငံအဝှမ်းအကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူ၊ တပ်၊ ရဲနှင့် အစိုးရဝန်ထမ်း သေဆုံးသူ (၁၃၃၇) ဦးတွင် ပြည်သူ (၁၁၅၅) ဦးပါဝင်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆ (People Media)

 

မြန်မာနိုင်ငံအဝှမ်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာ ၂၁ ရက်အထိ ပြည်သူများ၊ တပ်မတော်သား များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်း စုစုပေါင်း သေဆုံးသူ (၁၃၃၇) ဦးတွင် သေဆုံးပြည်သူ (၁၁၅၅) ဦး ပါဝင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် (၉၈၆) ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု (၂၃၄၄) ကြိမ်၊ မီးရှို့ဖျက်ဆီးမှု (၃၁၂) ကြိမ် စုစုပေါင်း (၃၆၄၂) ကြိမ်ပြုလုပ်ခဲ့ပြီး၊ လူဦးရေ စုစုပေါင်း (၁၃၆၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် သာမန်အရပ်သားပြည်သူ (၁၁၅၅) ဦး သေဆုံးခဲ့ကာ (၇၆၅) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား (၇၅) ဦး၊ ရဲတပ်ဖွဲ့ဝင် (၉၃) ဦးနှင့် အစိုးရဝန်ထမ်း (၁၄) ဦး စုစုပေါင်း (၁၈၂) ဦးသေဆုံးပြီး၊ (၆၀၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါ ကာလအတွင်း စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦ (၂၅၁) လုံး မီးရှို့ဗုံးခွဲခံခဲ့ရပြီး ကားလမ်း၊ ရထားလမ်းများ (၅၃၆) ကြိမ် ဖျက်ဆီးခံခဲ့ရကာ တံတား (၇၆) စင်းလည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ အုပ်ချုပ်မှု အ ဆောက်အဦ၊ ဘာသာရေးအဆောက်အဦ၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြအဆောက်အဦများလည်း ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်မှု၊ ဆူပူမှုများတွင် လှုံ့ဆော်မှု၊ ပါဝင်မှုကြောင့် ပြစ်ဒဏ်ကျခံရသူများနှင့် တရားစွဲဆိုခံထား ရသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ယနေ့ထိ အမျိုးသား (၄၅၆၆၈) ဦးနှင့် အမျိုးသမီး (၆၀၃၆)ဦး စုစုပေါင်း (၅၁၇၀၄) ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #နိုင်ငံဝန်ထမ်း

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post