• Follow Us on

Home နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုတို့ကို လေးစားရန် တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က ပြောကြား

နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုတို့ကို လေးစားရန် တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က ပြောကြား

Share this post

မန္တလေး၊ မတ် ၁၀

 

နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုတို့ကို လေးစားရန် တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

မတ်လ ၈ ရက်နေ့ ညနေတွင် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping သည် ပေကျင်း၌ ပြင်သစ်နိုင်ငံသမ္မတ Mr. Emmanuel Macron၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholz တို့နှင့် ကျင်းပခဲ့သည့် ဗီဒီယိုထိပ်သီးဆွေးနွေး ပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုတို့ကို လေးစားရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူများကို လိုက်နာရန်၊ နိုင်ငံအသီးသီး၏ ကျိုးကြောင်းဆီလျော်စွာ လုံခြုံရေးဂရုပြုမှုကို အလေးထားရန်၊ အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အထေက်အကူဖြစ်စေမည့် ကြိုးပမ်းမှုအားလုံး ကို ထောက်ခံအားပေးရန်” စသည်တို့ တရုတ်နိုင်ငံက အဆိုပြုခဲ့ကြောင်း သိရသည်။

 

အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် အပျက်သဘောဆောင်သည့် သက်ရောက်မှုများကို လျှော့ချရန် မိမိတို့ အတူတကွကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း မဖြစ်ပွားစေရန်အတွက် အတက်နိုင်ဆုံး ထိန်းသိမ်းကြရန် မိမိတို့တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping က ပြောသည်။

 

ယူကရိန်း လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အဆိုပြုချက် (၆) ချက် တင်ပြခဲ့ပြီး ယူကရိန်းအား လူသားချင်းစာနာထောက်ထားမှု ပစ္စည်းအကူအညီများ ထပ်မံပေးအပ်ရန် ဆန္ဒရှိ ကြောင်း တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping က ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………..

 

မန်တလေး၊ မတျ ၁၀

 


 


 


 


 


 

#PeopleMedia


Share this post