• Follow Us on

Home နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဒီဇင်ဘာလ (၂၂) ရက် နေ့တွင် စတင်မည်

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကို ဒီဇင်ဘာလ (၂၂) ရက် နေ့တွင် စတင်မည်

Share this post

မန္တလေး၊ ဒီဇင်ဘာ ၄ (People Media)

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်ကို ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ တွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မှ ကြေညာထားသည်။

 

သို့ဖြစ်ပါ၍ သာသနာ တက္ကသီလ ဓမ္မာစရိယတန်း ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှစ် သင်တန်းသားများ၊ သာ သနာ တက္ကသီလမဟာ ဓမ္မာစရိယတန်း (ပထမနှစ်၊ ဒုတိယနှစ်) သင်တန်းသားများ၊ ကျမ်းပြုသင်တန်းသားများ သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)သို့ ပြန်လည် ရောက်ရှိရမည်ဖြစ်ကြောင်း ကြေညာထားသည်။

 

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ၂၀၂၁ ခုနှစ် ပညာသင်နှစ် ဓမ္မာစရိယတန်းဝင်ခွင့် စာမေးပွဲ ရေးဖြေ နှုတ်ဖြေ ဖြေဆိုအောင်မြင်ပြီး သာသနာ့တက္ကသိုလ်ဝင်ခွင့်ရသူ (၈၅) ပါး ရှိကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)


…………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၄ (People Media)

 


 


 


 



Share this post