• Follow Us on
Latest News

Home နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာအကောင်းဆုံးဆောင်ရွက်ပေးကြ ရန် ဗိုလ်ချုပ်ကြီး မြထွန်းဦး မှာကြား

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာအကောင်းဆုံးဆောင်ရွက်ပေးကြ ရန် ဗိုလ်ချုပ်ကြီး မြထွန်းဦး မှာကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ (People Media)

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ အကောင်းဆုံးဆောင်ရွက်ပေး ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးက မှာကြားလိုက်သည်။

 

ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယမန်နေ့ ညနေပိုင်းတွင် ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားခဲ့ ခြင်းဖြစ်သည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်တွေကို လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ရတာမှာ တစ်နှစ်ကျော်ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်နဲ့အညီ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာဖြစ်တယ်။ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ချမှတ်ပြီး နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်လျက်ရှိတယ်။ ဒီလို ဆောင်ရွက် လျက်ရှိရာမှာ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ တစ်ဦးချင်းအသိစိတ်ဓာတ်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေ ကြတာကို တွေ့ရှိရတဲ့အတွက် အသိအမှတ်ပြု အားပေးပါတယ်။ နိုင်ငံတိုင်းဟာ မိမိနိုင်ငံရဲ့ အမျိုးသားအကျိုး စီးပွားအတွက် လုပ်ဆောင်ခြင်းဖြစ်တယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာ အကောင်းဆုံးဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

 

ဗိုလ်ချုပ်ကြီး မြထွန်းဦးက နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားကြောင်း၊ စိုက်ဧကများ တိုးချဲ့ဖော်ထုတ်နိုင်ရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေးနှင့် ရေရရှိရေး၊ နည်းစနစ်ကောင်းများဖြင့် စိုက်ပျိုးနိုင် ရေး ကြိုးပမ်းကြရန်လိုကြောင်း၊ ဒေသဝင်ငွေတိုးတက်ရရှိနိုင်ရေးအတွက် ဒေသအလိုက် ဝဥ၊ ထောပတ်၊ လိ မ္မော်နှင့် ကော်ဖီများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နွားနောက်မွေးမြူရာတွင် လွှတ်ကျောင်းစနစ်အစား ခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေးနှင့် ဒေသဝမ်းစာ ဖူလုံရေးအတွက် နွား၊ ဝက်၊ ကြက်၊ ငါးမွေးမြူရေးလုပ်ငန်းများ ကို ယခုထက် ပိုမိုမွေးမြူထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post