• Follow Us on

Home နိုင္ငံေတာ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လြတ္ေျမာက္လာသူတစ္ဦး ထပ္မံ၍ လူသတ္မႈ က်ဴးလြန္၊သြားေရာက္ဖမ္းဆီးရာ ျပန္လည္ခုခံသျဖင့္ ရဲတပ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရာ ၌ ေသဆုံး

နိုင္ငံေတာ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လြတ္ေျမာက္လာသူတစ္ဦး ထပ္မံ၍ လူသတ္မႈ က်ဴးလြန္၊သြားေရာက္ဖမ္းဆီးရာ ျပန္လည္ခုခံသျဖင့္ ရဲတပ္ဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရာ ၌ ေသဆုံး

Share this post

ရန္ကုန္၊ စက္တင္ဘာ-၁၆

ဧရာဝတီတိုင္းေဒသႀကီး၊ေရၾကည္ၿမိဳ႕နယ္၌ နိုင္ငံေတာ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လြတ္ေျမာက္လာသူတစ္ဦးသည္ထပ္မံ၍လူသတ္မႈ က်ဴးလြန္မႈေၾကာင့္ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးရာတြင္ ျပန္လည္ခုခံသျဖင့္ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးရာ တရားခံေျပး ေသဆုံးခဲ့ပါတယ္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၅ ရက္ ညေန ၅ နာရီခန႔္တြင္ ေရၾကည္ၿမိဳ႕နယ္ ႐ြာသစ္ ေက်း႐ြာေန ထြန္းထြန္းအား သံတူ႐ြင္းျဖင့္ရိုက္သတ္ကာ အေလာင္းအား ပီနံအိတ္ျဖင့္ထုပ္၍ ေခ်ာင္းစပ္ရွိ ေလွအတြင္း၌ပစ္ထားၿပီး ထြက္ေျပးတိမ္းေရွာင္ေနေသာ ငါးသိုင္းေခ်ာင္းနယ္ေျမရဲစခန္း (ပ)၂၃၁/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အမႈေရးဖြင့္ထားရွိသူ ထြက္ေျပးတိမ္းေရွာင္တရားခံ ေဇာ္ေဇာ္(ခ)ေဝလြင္(၄၂)ႏွစ္ ဗမာ/ဗုဒၶ (ဖ)ဦးတင္ဝင္းသည္ ႐ြာသစ္ေက်း႐ြာသို႔ ျပန္လည္ေရာက္ရွိလာေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးမႈကို တရားခံေျပးက အဖမ္းမခံဘဲဖမ္းဆီးေရးအဖြဲ႕အား ဓားျဖင့္ေဝွ႕ရမ္း၍ ဂ်င္ကလိမ်ားျဖင့္ပစ္ခတ္ ျပန္လည္ခုခံရန္ျပဳသျဖင့္ရဲတပ္ဖြဲ႕ဝင္တစ္ဦးႏွင့္ သက္ေသအရပ္သားတစ္ဦးတို႔တြင္ ပြန္းရွ/ျပတ္ရွ ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။

ထပ္မံ၍ ရဲတပ္ဖြဲ႕က အသာတၾကည္အဖမ္းခံရန္ ေျပာေသာ္လည္း ဆက္လက္ရန္ျပဳေသာေၾကာင့္ ေသနတ္ျဖင့္ ၂ ခ်က္ မိုးေပၚေထာင္သတိေပးပစ္ခတ္ေသာ္လည္းဂ်င္ဂလိျဖင့္ဆက္လက္ပစ္ခတ္ေနသျဖင့္ျပန္လည္ပစ္ခတ္ခဲ့ရာ က်ည္ထိမွန္ေသဆုံးခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

အဆိုပါတရားခံသည္ ၂၀၀၉ ခုႏွစ္ မတ္လ ၃၀ ရက္တြင္ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕၌ အမ်ိဳးသမီးတစ္ဦးအား ေပါက္ျပားျဖင့္ခုတ္သတ္ကာ တ႐ုတ္ယြမ္ ၁၇၀၀၀၀ ႏွင့္ ဆိုင္ကယ္ ၁ စီးအား လုယက္မႈျဖင့္ ျမစ္ႀကီးနားအက်ဥ္းေထာင္တြင္ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း က်ခံခဲ့ရာမွ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၁၇ ရက္တြင္ နိုင္ငံေတာ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ လြတ္ေျမာက္လာသူ တစ္ဦးျဖစ္ပါတယ္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ သတ္မွတ္ဥပေဒလုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ရာ၌ ရဲတပ္ဖြဲ႕ဝင္ႏွင့္ ျပည္သူမ်ားကို အသက္အႏၲရာယ္ ျဖစ္ေစနိုင္သည္အထိ လုပ္ေဆာင္မႈမ်ား တုန႔္ျပန္ခုခံ ရန္ျပဳမႈမ်ားအေပၚ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၆(၁/၂/၃) ျပဌာန္းခ်က္ပါ ဥပေဒႏွင့္အညီ ပစ္ခတ္ ဖမ္းဆီးအေရးယူေဆာင္႐ြက္ခဲ့ရေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါတယ္။

#PeopleMedia #ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ #ေရၾကည္ၿမိဳ႕

[Unicode]
နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦး ထပ်မံ၍ လူသတ်မှု ကျူးလွန်၊သွားရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၌ သေဆုံး
………………………………………………………..

ရန်ကုန်၊ စက်တင်ဘာ-၁၆

ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်၌ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦးသည်ထပ်မံ၍လူသတ်မှု ကျူးလွန်မှုကြောင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာတွင် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တရားခံပြေး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် ရေကြည်မြို့နယ် ရွာသစ် ကျေးရွာနေ ထွန်းထွန်းအား သံတူရွင်းဖြင့်ရိုက်သတ်ကာ အလောင်းအား ပီနံအိတ်ဖြင့်ထုပ်၍ ချောင်းစပ်ရှိ လှေအတွင်း၌ပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ငါးသိုင်းချောင်းနယ်မြေရဲစခန်း (ပ)၂၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုရေးဖွင့်ထားရှိသူ ထွက်ပြေးတိမ်းရှောင်တရားခံ ဇော်ဇော်(ခ)ဝေလွင်(၄၂)နှစ် ဗမာ/ဗုဒ္ဓ (ဖ)ဦးတင်ဝင်းသည် ရွာသစ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးမှုကို တရားခံပြေးက အဖမ်းမခံဘဲဖမ်းဆီးရေးအဖွဲ့အား ဓားဖြင့်ဝှေ့ရမ်း၍ ဂျင်ကလိများဖြင့်ပစ်ခတ် ပြန်လည်ခုခံရန်ပြုသဖြင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သက်သေအရပ်သားတစ်ဦးတို့တွင် ပွန်းရှ/ပြတ်ရှ ဒဏ်ရာများရရှိခဲ့ပါတယ်။

ထပ်မံ၍ ရဲတပ်ဖွဲ့က အသာတကြည်အဖမ်းခံရန် ပြောသော်လည်း ဆက်လက်ရန်ပြုသောကြောင့် သေနတ်ဖြင့် ၂ ချက် မိုးပေါ်ထောင်သတိပေးပစ်ခတ်သော်လည်းဂျင်ဂလိဖြင့်ဆက်လက်ပစ်ခတ်နေသဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတရားခံသည် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ အမျိုးသမီးတစ်ဦးအား ပေါက်ပြားဖြင့်ခုတ်သတ်ကာ တရုတ်ယွမ် ၁၇၀၀၀၀ နှင့် ဆိုင်ကယ် ၁ စီးအား လုယက်မှုဖြင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူ တစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူများကို အသက်အန္တရာယ် ဖြစ်စေနိုင်သည်အထိ လုပ်ဆောင်မှုများ တုန့်ပြန်ခုခံ ရန်ပြုမှုများအပေါ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆(၁/၂/၃) ပြဌာန်းချက်ပါ ဥပဒေနှင့်အညီ ပစ်ခတ် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #ရေကြည်မြို့


Share this post