• Follow Us on

Home နိုင်ငံတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ အားလုံးပါဝင်ကြရန်လိုအပ်ကြောင်း တိုင်းရင်းသားဝန်ကြီး ပြောကြား

နိုင်ငံတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ အားလုံးပါဝင်ကြရန်လိုအပ်ကြောင်း တိုင်းရင်းသားဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ မတ် ၇

 

နိုင်ငံတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ အားလုံးပါဝင်ကြရန် လိုအပ်ပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြော သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့် ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသစ်ပြန်လည် ဖွဲ့စည်း အတည်ပြုခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

“နိုင်ငံတော်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ့ရေးသဘောတူစာချုပ် (NCA) အရ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာမှာ အားလုံးပါဝင်ကြဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား တွေ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ်တယ်” ဟု  ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောသည်။

 

မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောက်ရွက်ခြင်းများသာမက အဓိကကျသည့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွန်ချက်များပါ တိုင်းပြည်၏အနာဂါတ်သည် လူငယ်များပင်ဖြစ်ကြောင်း၊ လူငယ်များ ပညာ တတ်ဖို့လိုအပ်ပြီး ပညာရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 

#PeopleMedia


Share this post