• Follow Us on

Home နိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္၏ NLD ပါတီေအာင္နိုင္ေရးမဲဆြယ္မႈသည္က်င့္၀တ္အရ လူျမင္လို႔မေကာင္း ေၾကာင္း ယခင္ နိုင္ငံေတာ္သမၼတေျပာေရးဆိုခြင့္ရွိသူ ဦးရဲထြဋ္ ေဝဖန္

နိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္၏ NLD ပါတီေအာင္နိုင္ေရးမဲဆြယ္မႈသည္က်င့္၀တ္အရ လူျမင္လို႔မေကာင္း ေၾကာင္း ယခင္ နိုင္ငံေတာ္သမၼတေျပာေရးဆိုခြင့္ရွိသူ ဦးရဲထြဋ္ ေဝဖန္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂၂
 
၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲနီးကပ္လာခ်ိန္တြင္ နိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္သည္ ၎၏ လူမႈကြန္ယက္မွတစ္ဆင့္ ပါတီေအာင္နိုင္ေရးအတြက္ NLD ပါတီအား မဲေပးရန္ ေရးသားေနမႈမ်ားသည္ က်င့္၀တ္အရ လူျမင္၍ မသင့္ေတာ္ေၾကာင္း ယခင္ နိုင္ငံေတာ္သမၼတဦးသိန္းစိန္၏ ေျပာေရးဆိုခြင့္ရွိသူ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္က ေဝဖန္လိုက္ပါတယ္။
 
၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲ၌ နိုင္ငံေတာ္သမၼတ ဦးသိန္းစိန္သည္ ပါတီအတြက္ မဲဆြယ္စည္း႐ုံးမႈမရွိခဲ့သည့္ အျပင္ ျပည္ေထာင္စုအဆင့္ ၀န္ႀကီးမ်ားအေနျဖင့္လည္း ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ့္မဲဆႏၵနယ္ေျမမွအပ အျခားေနရာမ်ားတြင္ ပါတီအတြက္ မဲဆြယ္စည္း႐ုံးေပးမႈမျပဳလုပ္ရန္ က်င့္၀တ္အရ တားျမစ္မႈမ်ားကို ျပဳလုပ္ခဲ့ေၾကာင္း ဦးရဲထြဋ္က ဆိုပါတယ္။
 
“ဦးသိန္းစိန္တုန္းကေတာ့ ကၽြန္ေတာ္ေဆာင္းပါးေတြမွာ ေရးသလိုပဲ သူက အစိုးရတာ၀န္ယူထားတဲ့အတြက္ ေၾကာင့္ က်င့္၀တ္အေနနဲ႔ သူမလုပ္ဘူး၊ ၀န္ႀကီးေတြကိုလဲ ကိုယ္ၿပိဳင္မယ့္ေနရာအတြက္ပဲ ကိုယ္လုပ္ က်န္တဲ့ ေနရာေတြမွာ သြားမလုပ္နဲ႔ ကန႔္သတ္ခဲ့တာပါေပ့ါ။ အခုဟာက ဦး၀င္းျမင့္က သူ႔မဲဆႏၵအတြက္တင္မဟုတ္ပဲနဲ႔ တစ္နိုင္ငံလုံးအတြက္ လုပ္ေနတဲ့အခါက်ေတာ့ က်င့္၀တ္အရ ေျပာရမယ္ဆိုရင္ေတာ့ လူျမင္လို႔ေတာ့မေကာင္း ဘူးေပါဗ်ာ” လို႔ ဦးရဲထြဋ္ကေျပာပါတယ္။
 
နိုင္ငံေတာ္သမၼတတစ္ေယာက္အေနျဖင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ဥပေဒအရ မဲဆြယ္မႈျပဳလုပ္နိုင္ေသာ္လည္း အဆိုပါကဲ့သို႔ မဲဆြယ္မႈျပဳလုပ္ျခင္းသည္ ၎၀င္ေရာက္ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္တစ္ေနရာအတြက္သာ ျဖစ္သင့္ၿပီး ပါတီေအာင္နိုင္ငံေရးအတြက္ နိုင္ငံေတာ္သမၼတတစ္ေယာက္အေနျဖင့္ တစ္နိုင္ငံလုံးအတိုင္း အတာျဖင့္ မဲဆြယ္မႈျပဳလုပ္ေပးျခင္းမွာ မျဖစ္သင့္ေၾကာင္း ဦးရဲထြဋ္က ဆိုပါတယ္။
 
“အလြန္အကၽြံအသာစီးယူရာမေရာက္ေအာင္ ဦးသိန္းစိန္လက္ထက္ကေတာ့ စည္းကမ္းနဲ႔ သတ္မွတ္ခဲ့တာေပ့ါ၊ အခုကေတာ့ အိမ္ကြင္းအားသာခ်က္အားလုံးကို အသုံးျပဳမယ့္သေဘာပါပဲ ဒါေၾကာင့္မို႔လို႔ ဥပေဒနဲ႔ ဆန႔္က်င္တယ္လို႔ေတာ့ ေျပာလို႔မရဘူး၊ သို႔ေသာ္ ၾကည့္မေကာင္ဘူးလို႔ေတာ့ေျပာရမွာပဲ” ဟု ဦးရဲထြဋ္က ေျပာပါတယ္။
 
၂၀၁၅ ခုႏွစ္က နိုင္ငံေတာ္သမၼတ ဦးသိန္းစိန္၏ ေဒသတြင္း ခရီးစဥ္မ်ားသြားေရာက္ရာ၌ ပါတီ၀င္မ်ားႀကိဳဆိုျခင္း ၊ ၿမိဳ႕မိၿမိဳ႕ဖေတြ႕ဆုံပြဲမ်ားတြင္ ပါတီ၀င္မ်ားတက္ေရာက္ျခင္းေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒအား ခ်ိဳးေဖာက္ျခင္း ျဖစ္ေၾကာင္း NLD ပါတီ ထိပ္ပိုင္းေခါင္းေဆာင္းမ်ားက ေျပာဆိုခဲ့ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ အေနျဖင့္ လိုအပ္သလို အေရးယူေဆာင္ရြက္ရန္လည္း တိုင္ၾကားမႈလဲရွိခဲ့ပါတယ္။
 
Photo – ဦးရဲထြဋ္
 
#PeopleMedia #Political #2020election #ဦးရဲထြဋ္
 
(unicode)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ NLD ပါတီအောင်နိုင်ရေးမဲဆွယ်မှုသည်ကျင့်ဝတ်အရ လူမြင်လို့မကောင်း ကြောင်း ယခင် နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ဝေဖန်
……………………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ – ၂၂
 
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနီးကပ်လာချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၎င်း၏ လူမှုကွန်ယက်မှတစ်ဆင့် ပါတီအောင်နိုင်ရေးအတွက် NLD ပါတီအား မဲပေးရန် ရေးသားနေမှုများသည် ကျင့်ဝတ်အရ လူမြင်၍ မသင့်တော်ကြောင်း ယခင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ဝေဖန်လိုက်ပါတယ်။
 
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီအတွက် မဲဆွယ်စည်းရုံးမှုမရှိခဲ့သည့် အပြင် ပြည်ထောင်စုအဆင့် ဝန်ကြီးများအနေဖြင့်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ့်မဲဆန္ဒနယ်မြေမှအပ အခြားနေရာများတွင် ပါတီအတွက် မဲဆွယ်စည်းရုံးပေးမှုမပြုလုပ်ရန် ကျင့်ဝတ်အရ တားမြစ်မှုများကို ပြုလုပ်ခဲ့ကြောင်း ဦးရဲထွဋ်က ဆိုပါတယ်။
 
“ဦးသိန်းစိန်တုန်းကတော့ ကျွန်တော်ဆောင်းပါးတွေမှာ ရေးသလိုပဲ သူက အစိုးရတာဝန်ယူထားတဲ့အတွက် ကြောင့် ကျင့်ဝတ်အနေနဲ့ သူမလုပ်ဘူး၊ ဝန်ကြီးတွေကိုလဲ ကိုယ်ပြိုင်မယ့်နေရာအတွက်ပဲ ကိုယ်လုပ် ကျန်တဲ့ နေရာတွေမှာ သွားမလုပ်နဲ့ ကန့်သတ်ခဲ့တာပါပေ့ါ။ အခုဟာက ဦးဝင်းမြင့်က သူ့မဲဆန္ဒအတွက်တင်မဟုတ်ပဲနဲ့ တစ်နိုင်ငံလုံးအတွက် လုပ်နေတဲ့အခါကျတော့ ကျင့်ဝတ်အရ ပြောရမယ်ဆိုရင်တော့ လူမြင်လို့တော့မကောင်း ဘူးပေါဗျာ” လို့ ဦးရဲထွဋ်ကပြောပါတယ်။
 
နိုင်ငံတော်သမ္မတတစ်ယောက်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ မဲဆွယ်မှုပြုလုပ်နိုင်သော်လည်း အဆိုပါကဲ့သို့ မဲဆွယ်မှုပြုလုပ်ခြင်းသည် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တစ်နေရာအတွက်သာ ဖြစ်သင့်ပြီး ပါတီအောင်နိုင်ငံရေးအတွက် နိုင်ငံတော်သမ္မတတစ်ယောက်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မဲဆွယ်မှုပြုလုပ်ပေးခြင်းမှာ မဖြစ်သင့်ကြောင်း ဦးရဲထွဋ်က ဆိုပါတယ်။
 
“အလွန်အကျွံအသာစီးယူရာမရောက်အောင် ဦးသိန်းစိန်လက်ထက်ကတော့ စည်းကမ်းနဲ့ သတ်မှတ်ခဲ့တာပေ့ါ၊ အခုကတော့ အိမ်ကွင်းအားသာချက်အားလုံးကို အသုံးပြုမယ့်သဘောပါပဲ ဒါကြောင့်မို့လို့ ဥပဒေနဲ့ ဆန့်ကျင်တယ်လို့တော့ ပြောလို့မရဘူး၊ သို့သော် ကြည့်မကောင်ဘူးလို့တော့ပြောရမှာပဲ” ဟု ဦးရဲထွဋ်က ပြောပါတယ်။
 
၂၀၁၅ ခုနှစ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဒေသတွင်း ခရီးစဉ်များသွားရောက်ရာ၌ ပါတီဝင်များကြိုဆိုခြင်း ၊ မြို့မိမြို့ဖတွေ့ဆုံပွဲများတွင် ပါတီဝင်များတက်ရောက်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ခြင်း ဖြစ်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်းများက ပြောဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန်လည်း တိုင်ကြားမှုလဲရှိခဲ့ပါတယ်။
 
Photo – ဦးရဲထွဋ်
 
#PeopleMedia #Political #2020election #ဦးရဲထွဋ်

Share this post