• Follow Us on

Home နိုင်ငံတော်အစိုးရက မြို့ပြများတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ တိုးမြှင့်အသုံးပြုရေး၊ ကိုယ်ပိုင်ယာဉ်များ အစား အများပြည်သူပို့ဆောင်ရေးစနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းပြောဆို

နိုင်ငံတော်အစိုးရက မြို့ပြများတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ တိုးမြှင့်အသုံးပြုရေး၊ ကိုယ်ပိုင်ယာဉ်များ အစား အများပြည်သူပို့ဆောင်ရေးစနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းပြောဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၃ (People Media)

 

အများပြည်သူပို့ဆောင်ရေးသည် အရေးပါသည့်အလျောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ပြည်သူများ၏ လူမှုစီးပွားဆိုး ကျိုးများ လျော့ပါးစေရေးကို ရည်မှန်း၍ နိုင်ငံတော်အစိုးရက မြို့ပြများတွင် လျှပ်စစ်ရထား၊ လျှပ်စစ်ကားများ တိုးမြှင့်အသုံးပြုရေး၊ ကိုယ်ပိုင်ယာဉ်များအစား အများပြည်သူပို့ဆောင်ရေးစနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့ကျင်းပသော အာဆီယံ၏ ဆွေးနွေးဘက်နိုင် ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ ဆောင်ရေး ဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး အစည်း အဝေးနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ အဆိုပါ ဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 

အာဆီယံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးစီမံကိန်းများအပေါ် အကောင် အထည်ဖော်နိုင်မှုများ၊ အခြေခံအဆောက်အအုံနှင့် လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံအ လိုက် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား အကောင်အထည်ဖော်လျက်ရှိ သည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အစားအသောက်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် သယ်ယူပို့ဆောင်သို လှောင်ရာ၌ စံညွှန်းသတ်မှတ်ရေးကို ဂျပန်နိုင်ငံက ကူညီရေးဆွဲပေးမှု၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်း ရေးတွင် ICT နည်းပညာ တိုးမြှင့်အသုံးချရေးကိစ္စနှင့် နှစ်နိုင်ငံအစီအစဉ်အရ ဂျပန်-မြန်မာ ပို့ဆောင်ရေးပူး ပေါင်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယားပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၂၁- ၂၀၂၅) ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံ အလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီး က ကိုရီးယားနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် နှစ်နိုင်ငံအကြား ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမှုများကို ဆွေးနွေး ပြောကြားပြီး လေကြောင်းကဏ္ဍ ဆက်သွယ်မှုများ မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံက ဦးဆောင်ညှိနှိုင်းလျက်ရှိ သော အာဆီယံ- ကိုရီးယား လေကြောင်းသဘောတူစာချုပ် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရန်များကို ဆွေးနွေးပြောကြားသည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံ သယ်ယူပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက နိုင်ငံအလိုက် ပို့ဆောင်ရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ရေ ရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲထားသည့် အမျိုးသားပို့ဆောင် ရေး ပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့်အညီ ရထားလမ်းအဆင့်မြှင့်တင်မှု၊ ဆိပ်ကမ်းများ တည် ဆောက်မှု၊ လေဆိပ်အဆင့်မြှင့်တင် တည်ဆောက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန်ရေး ဆောင်ရွက်နေမှုများ ကို ဆွေးနွေးပြောကြားသည်။

 

#PeopleMedia #အာဆီယံဂျပန်ပို့ဆောင်ရေးဝန်ကြီးအစည်းအဝေး

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 



Share this post