• Follow Us on

Home နိုင်ငံတော်အတိုင်ပင်ခံ စီးနင်းရန်နှင့် သဘာဝဘေးအန္တရာယ်များတွင် သုံးစွဲရန် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ငှားရမ်းမှုများတွင် နိုင်ငံတော်ငွေကြေးများဆုံးရှုံးနစ်နာမှုများရှိသည့်အတွက် လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကို အဂတိကော်မရှင်မှ အရေးယူ

နိုင်ငံတော်အတိုင်ပင်ခံ စီးနင်းရန်နှင့် သဘာဝဘေးအန္တရာယ်များတွင် သုံးစွဲရန် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ငှားရမ်းမှုများတွင် နိုင်ငံတော်ငွေကြေးများဆုံးရှုံးနစ်နာမှုများရှိသည့်အတွက် လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးကို အဂတိကော်မရှင်မှ အရေးယူ

Share this post

နေပြည်တော်၊ သြဂုတ် ၂၈ (PeopleMedia)

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စီးနင်းရန်နှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့သည့်နေရာများတွင် သုံးစွဲရန် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ငှားရမ်းမှုများတွင် နိုင်ငံတော်ငွေကြေးများဆုံးရှုံးနစ်နာမှုများရှိသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်ပါတယ်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ် ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး ရာတွင် အထက်ပါကဲသို့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

 

ဒေါက်တာဝင်းမြတ်အေးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဒေသများသို့ ကူညီ၊ ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံတော်၏ အရေးကြီးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်းကောင်း အသုံးပြုရန် ရဟတ်ယာဉ်တစ်စီးကို စာချုပ်ချုပ်ဆို ငှားရမ်းရာတွင် တည်ဆဲဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ တို့ကို ဖောက်ဖျက်ခြင်း၊ ပျံသန်းချိန်နာရီ စုစုပေါင်း ၇၂၀ နာရီအတွက် ငှားရမ်းခ မြန်မာငွေကျပ်သန်း ၅,၁၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၈၅,၀၀၀ ပေးချေခဲ့သော်လည်း အမှန်အသုံးပြုခဲ့ချိန် ၈၄.၉၅ နာရီသာဖြစ်သဖြင့် လျော့ နည်း ပျံသန်းချိန် ၆၃၅.၀၅ နာရီအတွက် အမေရိကန် ဒေါ်လာ ၃,၅၉၅,၄၂၃ (USD ၃.၅ သန်းကျော်) ပိုမို ပေးချေခဲ့ခြင်းသည် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စီးနင်းရန်နှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့သည့်နေရာများတွင် သုံးစွဲရန် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ငှားရမ်းမှုများတွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲ ထားခြင်း၊ ရဟတ်ယာဉ်ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ယခင်ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့မှုမရှိခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထားတောင်းခံမှုမရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ပေါ့လျော့စွာ စာချုပ်ချုပ်ဆိုခြင်းကြောင့် နိုင်ငံတော်ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒေါက်တာဝင်းမြတ်အေးသည် ဝယ်ယူပြီးသော နိုင်ငံတော်ပိုင် ရဟတ်ယာဉ်အား ထိန်းသိမ်းပြုပြင်ခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုအား လုပ်ငန်းအပ်နှံရေး သဘောတူစာချုပ်ချုပ်ဆိုငှားရမ်းခဲ့ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ ရဟတ်ယာဉ် ဝယ်ယူမှု မရှိ စဉ်အချိန်များတွင်လည်း ကုမ္ပဏီအား ဝန်ဆောင်ခစရိတ်များ ပေးခဲ့သည့်အပြင် ရဟတ်ယာဉ် နောက်ကျ သည့်အချိန်များနှင့်ပတ်သက်၍ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုအား ပြန်လည်ပြင်ဆင်ခြင်း မရှိသည့်အတွက်ကြောင့် နိုင်ငံတော်ငွေကြေးများ နစ်နာဆုံးရှုံးစေခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်တယ်လို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှသတင်းထုတ်ပြန်ထားပါ တယ်။

 

#PeopleMedia #AAC

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #AAC


Share this post