• Follow Us on

Home နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏အမှု ယနေ့အမိန့်မချဘဲ ဒီဇင်ဘာ ၆ ရက်နေ့ အထိ ရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏အမှု ယနေ့အမိန့်မချဘဲ ဒီဇင်ဘာ ၆ ရက်နေ့ အထိ ရွှေ့ဆိုင်း

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀ (People Media)

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အမှုများအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) အမှုကို ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် စီစဉ်ဆောင်ရွက်ထားသော်လည်း ယနေ့ ရုံးချိန်းတွင် အပြီးသတ်အမိန့်အား ချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရပါတယ်။

 

အဆိုပါ အမှုတွင် တရားခံပြသက်သေ သီးခြားတင်သွင်းခြင်းမရှိသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုခဲ့ပြီး အမှုအပြီးသတ်ချမှတ်ရန် မူလသတ်မှတ်ထားသည့် နိုဝင်ဘာ ၃၀ ရက်နေ့အစား ဒီဇင်ဘာ ၆ ရက်နေ့သို့ အမှုရုံးချိန်း ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၆၇၊ ပိုကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၃ (ခ)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ ၆၃ စသည့် အမှုပေါင်း ၁၀ မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အဆိုပါ အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများလျှောက်လွှဲချက်များ ပေးခဲ့ပြီးဖြစ်သည့်အတွက် နိုဝင်ဘာ ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။

 

#PeopleMedia #ဒေါ်အောင်စုကြည် #အမှုရုံးချိန်း

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post