• Follow Us on

Home နိုင်ငံတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်း နေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့်လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖည်သွားမည်မဟုတ်ကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

နိုင်ငံတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်း နေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့်လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖည်သွားမည်မဟုတ်ကြောင်း န-စ-က ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆ (People Media)

 

နိုင်ငံတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်း နေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့်လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖည်သွားမည်မဟုတ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို) ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် နိုင်ငံ၏ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်တာဝန်များကို ခေတ္တဝင်ရောက်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့်လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖည်သွားမည်မဟုတ်ကြောင်း၊ နိုင်ငံရေး တာဝန်အား ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် မိမိတို့က ဖန်တီးဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ ပြောကြားသည်။

 

မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပြည်သူများရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်တွင်း၏ စည်းလုံးညီညွတ်မှု အားသည် အခိုင်အမာဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြည်တွင်းစီးပွားရေးကိုအားပေးပြီး ပြည်သူ များ၏ လူမှုဘဝတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဘာသာအားလုံး၏ ရည်ရွယ်ချက် သည် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် စည်းလုံးညီညွတ်ခြင်းတို့ပင်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိပါ က အခက်အခဲများနှင့် ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အားလုံးတူညီသည့် စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံကောင်းအောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုကြောင်း၊ နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံကောင်းအောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံ အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့ ပတ်ဝန်းကျင်ရှိအင်အားစုများကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ရေး၊ အသိပညာ အတတ်ပညာများကို ရှာဖွေဆောင်ရွက်နိုင်ရေး လှုံ့ဆော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ် စိန်ရတုနှစ်သို့ပင် ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ဖြတ်သန်းလာသည့်ကာလများတွင် ကြုံတွေ့ခဲ့ရသည့်သင်ခန်းစာများကို အသုံးချ၍ နိုင်ငံ့ကောင်းရာကောင်းကျိုး တို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား ခဲ့သည်။

 

#PeopleMedia #election #နစက

 

(unicode)


……………………………………………………………

 

 


 

 


 

 


 

 


 

 


 

 


 

 



Share this post