• Follow Us on

Home နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မများဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထပ်မံတရားစွဲ

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မများဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထပ်မံတရားစွဲ

Share this post

ရန်ကုန်၊ မတ် ၁ (People Media)

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ယနေ့တွင် Video Conference စနစ်ဖြင့် ရုံးထုတ်စစ်ဆေးရာတွင် အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) တို့ ဖြင့် နေပြည်တော် ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူးက ထပ်မံတရားစွဲခဲ့ကြောင်း သိရသည်။

 

ယခင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ရွေးကောက်ပွဲတွင် လူဦးရေအမြောက်အများဖြင့် မဲဆွယ်ခဲ့သည့် အတွက် သဘာဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စကား ပြောစက်များနှင့် Jumper (ဆက်သွယ်ရေးဖျက်စက်)များကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ တင်သွင်းခဲ့သည့် အတွက် ပို့ကုန်သွင်းကုန်ဥပဒေများ တရားစွဲဆိုထားမှုရှိပြီး ယခုတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) တို့ဖြင့် ထပ်တိုးကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ပထမအကြိမ်ရုံးထုတ်မှုကို ဖေ ဖော်ဝါရီ ၁၇ ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၁ ရက်နေ့တွင် တစ်ကြိမ် Video Conference စနစ်ဖြင့် ရုံး ထုတ်စစ်ဆေးခဲ့ပြီး တတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုကို မတ်လ ၁၅ ရက်နေ့တွင် ချိန်းဆိုခဲ့ကြောင်းသိရသည်။

 

#PeopleMedia #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့်

 

(unicode)

………………………………………………..






(unicode)


Share this post