• Follow Us on

Home နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေတို့တွင် COVID-19 ကူးစက်ခံရ၍ ပန်းလှိုင်ဆေး ရုံတွင် ဆေးကုသမှုခံယူနေ

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေတို့တွင် COVID-19 ကူးစက်ခံရ၍ ပန်းလှိုင်ဆေး ရုံတွင် ဆေးကုသမှုခံယူနေ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေတို့တွင် COVID-19 ကူးစက်ခံရ၍ ပန်းလှိုင်ဆေး ရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။

“ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပန်းလှိုင်ဆေးရုံမှာ ကုသနေပါတယ်” လို့ ၎င်းတို့နှင့် နီးစပ်သူများက အတည် ပြုသည်။

မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ နဝဒေးလမ်းနေ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေတို့တွင် COVID-19 ရောဂါစစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ဦးခင်ညွန့်နှင့် ဇနီးတို့သည် ဘုရားဖူးခရီး ထွက်ရန်အတွက် ဇန်နဝါရီလ ၆ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ပန်းလှိုင်ဆေးရုံ၌ ရောဂါပိုးစစ် ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေတို့သည် လက်ရှိ၌ ပန်းလှိုင်ဆေးရုံတွင် ဆေးကုသမှုခံလျက်ရှိသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ ယခု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ ည ၈ နာရီအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါပိုး စစ်ဆေးတွေ့ရှိသူပေါင်း တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ရှိသူမှာ တစ်သိန်းတစ်သောင်းကျော်ရှိပြီ ဖြစ်သည်။

အဆိုပါရောဂါဖြင့် သေဆုံးလူနာ နှစ်ထောင်ကျော်ရှိပြီဖြစ်သည်။

#PeopleMedia #ဦးခင်ညွှန့်

(unicode)
…………………………………………………………………










Share this post