• Follow Us on

Home နိုင်ငံတော်၏ရရန်ရှိများ နစ်နာမှုမရှိစေရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး နိုင်ငံတကာစာရင်း စစ်စံများနှင့်အညီ စစ်ဆေးဖော်ထုတ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း စာရင်းစစ်ချုပ်ပြောကြား

နိုင်ငံတော်၏ရရန်ရှိများ နစ်နာမှုမရှိစေရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး နိုင်ငံတကာစာရင်း စစ်စံများနှင့်အညီ စစ်ဆေးဖော်ထုတ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း စာရင်းစစ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃ (People Media)

 

နိုင်ငံတော်၏ ရရန်ရှိများနစ်နာမှုမရှိစေရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးတို့အတွက် မသမာ မှုများ၊ အလွဲသုံးစားမှုများ၊ စည်းမျဉ်းမကျနမှုများ၊ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် စီမံ ခန့်ခွဲမှုအားနည်းခြင်းကြောင့် အချိန်မီမပြီးစီးမှုများနှင့် လုပ်ငန်းပြန်လည်အပ်နှံမှုများကို နိုင်ငံတကာ စာရင်း စစ်စံများနှင့်အညီ စစ်ဆေးဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြောသည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအထိ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၁)ကို ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်)၊ စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်း စစ်ချုပ် ဥပဒေပုဒ်မ-၁၁ (က၊ခ) အရ ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်းဖြစ်သည့် နိုင်ငံတော်၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း အကောင်အထည်ဖော် ဆောင်ရွက်မှုစစ်ဆေးခြင်းကို အဓိကထား စစ်ဆေးလျက်ရှိသည့်အပြင် ဥပဒေပုဒ်မ-၁၁ (ဂ၊ ဃ၊ င) အရ အစိုးရဌာန အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းပုံအင်အားတို့သည် လုပ်ငန်းတာဝန်နှင့် လျော်ကန်မျှတမှု၊ ဝန်ထမ်းခန့်ထားမှုသည် ခွင့်ပြုအင်အား အတွင်း ရှိ/မရှိ၊ ပုဒ်မ-၁၁ (စ) အရ  တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းအရ သတ်မှတ်ထားသည့် စာရင်းထား သိုပုံနည်းစနစ်နှင့်အညီ ကျင့်သုံး ခြင်းရှိ/မရှိ စသည့် ဉပဒေ ပုဒ်မ-၁၁(က မှ ရ)အထိ ပြဋ္ဌာန်းချက် (၂၇) ချက်နှင့်အညီ စစ်ဆေးဆောင်ရွက် လျှက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံး များသည်လည်း ပုဒ်မ-၂၅(ကမှဋ)ပါ ပြဋ္ဌာန်းချက်များနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံစာ ထုတ်ပြန်တင်ပြရမည်ဖြစ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)၏ စစ်ဆေး တွေ့ရှိချက်များကို အတွဲ(၁) အနေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၏ စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ အစီ ရင်ခံစာများပူးတွဲ၍ အတွဲ(၂)အနေဖြင့် လည်းကောင်း တင်ပြသွားမည်ဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို အချိန်မီတင်ပြရန်လိုအပ်ပါကြောင်း၊ အစီရင်ခံစာ ရေးသားရာတွင် စစ်ဆေးရမည့် အဖွဲ့အစည်းများက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် စစ် ဆေးတွေ့ရှိချက်များကို ခိုင်လုံသည့်အထောက်အထားများဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူအား ဖော်ထုတ်၍ ရှင်းလင်းတိကျစွာရေးသားတင်ပြရန် လိုအပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြော ကြားခဲ့သည်။

 

#PeopleMedia #ပြည်ထောင်စုစာရင်းစစ်ချုပ်

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post