• Follow Us on

Home နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ(ဟောင်း) ဦးဝင်းမြင့်တို့ကို ပုဒ်မ(၂)စီအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ(ဟောင်း) ဦးဝင်းမြင့်တို့ကို ပုဒ်မ(၂)စီအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၆ (People Media)

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ(ဟောင်း) ဦးဝင်းမြင့်တို့ကို ပုဒ်မ (၂) စီအတွက် ယနေ့ နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်(ဟောင်း) ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုသည့်အမှုများထဲမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ် (၂) နှစ်နှင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ် (၂) နှစ်တို့ကို ချ မှတ်လိုက်ခြင်းဖြစ်ပါတယ်။

 

နိုင်ငံတော်သမ္မတ(ဟောင်း) ဦးဝင်းမြင့်ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) ဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ် (၂) နှစ်နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် စွဲဆို ထားသည့်အမှုအတွက် ထောင်ဒဏ် (၂) နှစ်တို့ကို ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။

 

ထိုအပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒေါက်တာမျိုးအောင်ကိုလည်း နိုင်ငံတော်အကြည်ညို ပျက်စေမှု ၅၀၅(ခ) ဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပါအဝင် အမှုစုစုပေါင်း ၁၃ မှုဖြင့် တရားစွဲဆိုခံထား ရသူ ဖြစ်ပါတယ်။

 

#PeopleMedia #အတိုင်ပင်ခံဟောင်း #သမ္မတဟောင်း

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post