• Follow Us on

Home နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကိုၾကမ္းတမ္းစြာေျပာဆိုခဲ့ဟုဆို၍ မိုက္ကယ္ေက်ာ္ျမင့္ကို နိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈျဖင့္ ဖမ္း၀ရမ္းထုတ္

နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကိုၾကမ္းတမ္းစြာေျပာဆိုခဲ့ဟုဆို၍ မိုက္ကယ္ေက်ာ္ျမင့္ကို နိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈျဖင့္ ဖမ္း၀ရမ္းထုတ္

Share this post

ရန္ကုန္၊ ေအာက္တိုဘာလ ၂၂
နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ကို ၾကမ္းတမ္းစြာ ေျပာဆိုခဲ့ဟုဆို၍ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ အတြင္းေရးမွဴး မိုက္ကယ္ေက်ာ္ျမင့္ကို ခင္ဦးရဲစခန္းက ဖမ္းဝရမ္းထုတ္ထားသည္။
“ခင္ဦးၿမိဳ႕နယ္ ရဲစခန္းကေနၿပီးေတာ့ ေတာင္ဒဂုံက႐ုံးရွိတဲ့ေနရာကို လာၿပီးေတာ့ အေၾကာင္းၾကားသြားတာပါ၊ ၀ရမ္းပါတယ္လို႔လည္း ေျပာပါတယ္၊ ဒါနဲ႔ပတ္သက္ၿပီး ဘယ္လိုပုံစံနဲ႔ တုန႔္ျပန္သြားမယ္ဆိုတာ စီစဥ္ေနပါတယ္” ဟု အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီဥကၠ႒ ေဒၚေအးေအးသင္းက ေျပာသည္။
အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး YDP ပါတီဘက္မွလည္း ဥပေဒပညာရွင္မ်ားျဖင့္ တိုင္ပင္ေဆြးေႏြးေနလၽွက္ရွိၿပီး၊ မိုက္ကယ္ေက်ာ္ျမင့္ Live ေျပာဆိုျခင္းသည္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ နိုင္ငံျခားေရး၀န္ႀကီးကို ေျပာဆိုျခင္းမဟုတ္ဘဲ NLD ပါတီဥကၠ႒ကိုသာ ေျပာဆိုျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ခင္ဦးၿမိဳ႕နယ္တြင္ YDP ပါတီ ကိုယ္စားလွယ္ေလာင္း စီးလာသည့္ကားကို ဖ်က္စီး ခံရသည့္ကိစၥႏွင့္ ပတ္သက္၍ ေဖ့စ္ဘုတ္စာမ်က္ႏွာမွ တဆင့္ မိုက္ကယ္ေက်ာ္ျမင့္က ရင့္သီးစြာ သုံးႏႈန္း ခဲ့ျခင္းေၾကာင့္ မိုက္ကယ္ေက်ာ္ျမင့္သည္ နိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ ျဖင့္ ခင္ဦးရဲစခန္းက အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။
#PeopleMedia #မိုက္ကယ္ေက်ာ္ျမင့္
(unicode)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုကြမ်းတမ်းစွာပြောဆိုခဲ့ဟုဆို၍ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်
………………………………………………..
ရန်ကုန်၊ အောက်တိုဘာလ ၂၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြမ်းတမ်းစွာ ပြောဆိုခဲ့ဟုဆို၍ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကို ခင်ဦးရဲစခန်းက ဖမ်းဝရမ်းထုတ်ထားသည်။
“ခင်ဦးမြို့နယ် ရဲစခန်းကနေပြီးတော့ တောင်ဒဂုံကရုံးရှိတဲ့နေရာကို လာပြီးတော့ အကြောင်းကြားသွားတာပါ၊ ဝရမ်းပါတယ်လို့လည်း ပြောပါတယ်၊ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ တုန့်ပြန်သွားမယ်ဆိုတာ စီစဉ်နေပါတယ်” ဟု အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး YDP ပါတီဘက်မှလည်း ဥပဒေပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးနေလျှက်ရှိပြီး၊ မိုက်ကယ်ကျော်မြင့် Live ပြောဆိုခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခြင်းမဟုတ်ဘဲ NLD ပါတီဥက္ကဋ္ဌကိုသာ ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် YDP ပါတီ ကိုယ်စားလှယ်လောင်း စီးလာသည့်ကားကို ဖျက်စီး ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ဖေ့စ်ဘုတ်စာမျက်နှာမှ တဆင့် မိုက်ကယ်ကျော်မြင့်က ရင့်သီးစွာ သုံးနှုန်း ခဲ့ခြင်းကြောင့် မိုက်ကယ်ကျော်မြင့်သည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် ခင်ဦးရဲစခန်းက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
#PeopleMedia #မိုက်ကယ်ကျော်မြင့်


Share this post