• Follow Us on

Home နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်ခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲတွင် မြန်မာ သံအမတ်ကြီး ဦးလွင်ဦး ပါဝင်တက်ရောက်ခဲ့

နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်ခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲတွင် မြန်မာ သံအမတ်ကြီး ဦးလွင်ဦး ပါဝင်တက်ရောက်ခဲ့

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂ (People Media)

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မော်စကိုမြို့အခြေစိုက် နိုင်ငံခြားသံအမတ်ကြီးများ၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်ထံသို့ ခန့်အပ်လွှာပေးအပ်သည့်အခမ်းအနားသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးတက်ရောက်ကာ ခန့်အပ်လွှာ အား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါ ခန့်အပ်လွှာပေးအပ်ပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအပါအဝင် ဆလိုဗက်သမ္မတနိုင်ငံ၊ ဗီ ယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုင်ဂျီးရီးယားဖက်ဒရယ်သမ္မတနိုင်ငံ၊ ဂီနီသမ္မတနိုင်ငံ၊ ဆိုမာလီယာဖက်ဒ ရယ်သမ္မတနိုင်ငံ၊ ဂါနာသမ္မတနိုင်ငံ၊ ဩစတြီးယားသမ္မတနိုင်ငံ၊ မော်ရီတေးနီးယား အစ္စလာမ္မစ်သမ္မတနိုင်ငံ၊ တာဂျစ်ကစ္စတန်သမ္မတနိုင်ငံ၊ ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ၊ အန်ဂိုလာသမ္မတနိုင်ငံ၊ အီတလီသမ္မတနိုင်ငံ၊ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဘီနင်သမ္မတနိုင်ငံ၊ အီကွေဒေါသမ္မတနိုင်ငံ၊ ပနားမား သမ္မတနိုင်ငံ၊ အယ်လ်ဆာဗာဒေါသမ္မတနိုင်ငံ၊ စပိန်ဘုရင့်နိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံစသည့် နိုင်ငံပေါင်း (၂၀) ကျော်တို့မှ သံအမတ်အသီးသီးက ခန့်အပ်လွှာအသီးသီးကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်ထံသို့ ခန့်အပ်လွှာ ပေးအပ်သည့်အခမ်းအနား ကို မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 

#PeopleMedia #ရုရှား #သံအမတ်

 

(unicode)


…………………………………………………………

 


 


 


 


 



Share this post