• Follow Us on

Home နိုင်ငံရေးပါတီ (၁၂) ပါတီ ပါဝင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ညွန့်ပေါင်းအဖွဲ့ချုပ်(DFA) ကို ဖွဲ့စည်း

နိုင်ငံရေးပါတီ (၁၂) ပါတီ ပါဝင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ညွန့်ပေါင်းအဖွဲ့ချုပ်(DFA) ကို ဖွဲ့စည်း

Share this post

ရန်ကုန်၊ မတ် ၂၁

 

နိုင်ငံရေးပါတီ (၁၂) ပါတီ ပူးပေါင်းပါဝင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ညွန့်ပေါင်းအဖွဲ့ချုပ် (DFA) ကို  စတင်ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ဥက္ကဋ္ဌ ဦးစိန်ဝင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

ထိုသို့ ဖွဲ့စည်းနိုင်ရန် မတ်လ (၁၇) ရက်နေ့တွင် အနာဂတ် နိုင်ငံတော်အတွက် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေး နွေးပွဲတင် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

“DFA ညွှန့်ပေါင်းအဖွဲ့ချုပ်သည် ပြည်သူ့ဆန္ဒလိုလားချက်အရ ဖွဲ့စည်းခြင်းသာဖြစ်ပါတယ်။ နိုင်ငံရေးယဉ်ကျေးမှု အရဆောင်ရွက်သွားပါမယ်။ မည်သည့်ပါတီကိုမျှ ဘယ်သောအခါမှ တိုက်ခိုက်ဆောင်ရွက်မည်မဟုတ်ပါ ကြောင်း သဘောထားခံယူထားပါတယ်။ တူတာတွေပေါင်းကြမယ် မတူတာတွေညှိနှိုင်းအဖြေရှာ ပူးပေါင်း ဆောင်ရွက်မယ်” ဟု အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ဥက္ကဋ္ဌ ဦးစိန်ဝင်းက လူမှုကွန်ရက် တွင် ရေးသားထားသည်။

 

ဒီမိုကရက်တစ်ဖက်ဒရယ်ညွန့်ပေါင်းအဖွဲ့ချုပ် (DFA) ထဲတွင် ပါဝင်သည့် နိုင်ငံရေးပါတီ (၁၂) ပါတီထဲတွင် မည့် သည့် ပါတီများကို မထုတ်ပြန်နိုင်သေးကြောင်း၊ ဧပြီလကုန်၊ မူဘောင် လက်မှတ်ထိုးပြီးမှသာ အတိအကျ ကြေ ညာအသိပေးသွားမည်ဖြစ်ကြောင်း၊ ယခု ကြားကာလတွင် အချိန်ယူစဉ်းစားဆောင်ရွက်နိုင်ရန် အချိန်ပေးထား သဖြင့် (၁၂) ပါတီစာရင်း မထုတ်ပြန်နိုင်သေးကြောင်း၊ ပါတီ (၄၀) ကျော် ပူးပေါင်းဖြစ်လာရန်ရှိကြောင်း ဦးစိန် ဝင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

 

#PeopleMedia

 

(unicode)


………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post