• Follow Us on
Latest News

Home နိုင်ငံရေးမတည်ငြိမ်မှုနှင့် ယနေ့လူထုရင်ဆိုင်နေသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံး ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း PPST ထုတ်ပြန်

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ယနေ့လူထုရင်ဆိုင်နေသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံး ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြောင်း PPST ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၅ (People Media)

 

နိုင်ငံရေးမတည်ငြိမ်မှုနှင့် ယနေ့ လူထုရင်ဆိုင်နေသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံး ပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာနေကြောင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

ကုလသမဂ္ဂမှ အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာအား ကြို ဆိုပြီး တိုင်းပြည်တွင်း လက်ရှိကြုံတွေ့နေရသော အထွေထွေအကျပ်အတည်း ဖြေရှင်းကိစ္စနှင့် ပတ်သက်သည့် ၎င်း၏လုပ်ငန်းများကို PPST က လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှီ စစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် PPST အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

အထူးအားဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဖြစ်ပွားသော ချင်းပြည်ထန်တလန်ကိစ္စ အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှူတ်ချပြီး၊ ကျူးလွန်သူများကိုလည်း ပြင်းထန်စွာ အရေးယူပေးရန် PPST မှ တောင်းဆိုထားသည်။

 

လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ သဘော ထားများ စုစည်းနိုင်ရန် PPST ၏ ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်းကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#PeopleMedia #PPST #Peace

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

#PeopleMedia #PPST #Peace


Share this post