• Follow Us on

Home နိုင်ငံရေးအကျဉ်းသားမရှိကြောင်း သဘောသက်ရောက်စေသည့် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ပြောဆိုချက်သည် စိတ်ပျက်စရာဖြစ်ကြောင်း AAPP တုန့်ပြန်

နိုင်ငံရေးအကျဉ်းသားမရှိကြောင်း သဘောသက်ရောက်စေသည့် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ပြောဆိုချက်သည် စိတ်ပျက်စရာဖြစ်ကြောင်း AAPP တုန့်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေးအ ကျဉ်းသားများနှင့်ပတ်သက်၍ ပြောဆိုချက်များသည် နိုင်ငံရေးအကျဉ်းသားရှိနေသည်ကို အသိအမှတ်မပြုသည့် သဘောမျိုး သက်ရောက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အတွင်း ရေးမှူးဖြစ်သူ ဦးဘိုကြည်က ပြောသည်။
 
ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းကျစဉ်က ယင်းအချိန် တပ်မတော်စစ်အစိုးရသည် ဥပဒေချိုးဖောက်၍ အကျဉ်းကျခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ငြင်းဆိုခဲ့သကဲ့သို့ လက်ရှိအစိုးရ၏ ပြောဆိုချက်များ သည် ယခင်တပ်မတော်စစ်အစိုးရ၏ ပြောဆိုချက်များနှင့်တူညီနေကြောင်း ၎င်းကဆိုသည်။
 
“အစိုးရရဲ့သဘောထားကိုယ်တိုင်က နိုင်ငံရေးအကျဉ်းရှိတယ်ဆိုတာကို အသိအမှတ်မပြုတဲ့သဘောမျိုး သက် ရောက်နေတာရှိတယ်။ လောလောဆယ်က နိုင်ငံရေးအကျဉ်းသားတွေရှိနေတယ်ဆိုတာ အသိအမှတ်ပြုဖို့လို တယ် နိုင်ငံရေးစိတ်ဆန္ဒပြင်းပြဖို့လိုနေပြီ ပကတိကိုငြင်းကွယ်နေရင် အမှန်တရားနဲ့က ဝေးမှာပဲ လက်ရှိအစိုးရ အဖွဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဘူးတဲ့သူတွေပါနေတယ်” ဟု ဦးဘိုကြည်ကပြောသည်။
 
နိုင်ငံတော်သမ္မတရုံး ညွန့်ကြားရေးမှူးချုပ်၏ပြောဆိုချက်သည် အစိုးရ၏သဘောထားဖြစ်၍ အစိုးရ၏ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်သည် စိတ်ပျက်ဖွယ်ကောင်းကြောင်း ပြောဆိုခဲ့သည်။
 
#PeopleMedia #ဦးဇော်ဌေး #AAPP
 
(unicode)
…………………………………………………
 
 
 
 
 
 

Share this post