• Follow Us on

Home နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြန်မာ့တပ်မတော်သို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြန်မာ့တပ်မတော်သို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

Share this post

နိုင်ငံတကာ၊ မတ် ၄(PeopleMedia)
နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီခရီး ဆက်လက်လျှောက်လှမ်းရန် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က မတ်လ ၃ ရက်တွင် မြန်မာ့တပ်မတော်သို့ တောင်းဆိုလိုက်သည်။
ထိန်းသိမ်းခံရသူများတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေပြီး တရားမဝင် တင်သွင်းသော ဆက်သွယ်ရေးကိရိယာများ ပိုင်ဆိုင်မှုအပါအဝင် စွဲချက်အများအပြား ရင်ဆိုင်နေရသည်။
“ဆွေးနွေးမှုကသာ နှိပ်စက်မှုနဲ့ သဟဇာတဖြစ်မှု ရရှိစေနိုင်မယ့် အချက်ဆိုတာကို သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းလိုပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောသည်။
အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများက ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်မှုအပေါ် အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ်မှုကြောင့် ပုပ်ရဟန်းမင်းကြီးက ထိုသို့မှတ်ချက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု နယူးယူရုတ် သတင်းဌာနက ရေးသားဖော်ပြထားသည်။
“ပြီးခဲ့တဲ့တစ်လက ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်ရဲ့ဆန္ဒကို ထပ်မံပြောပါတယ်။ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးမှသာ မြန်မာနိုင်ငံမှာ မကြာသေးမီက ရရှိခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီက ဆိုသည်။
ပုပ်ရဟန်းမင်းကြီးက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်နောက်ပိုင်း ပထမဆုံးသော ပြည်ပခရီးစဉ် အဖြစ် မတ်လ ၅ ရက်တွင် အီရတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
–ကိုးကား–
နယူးယူရုတ်
Ref; Pope Francis condemns Myanmar junta ahead of landmark visit to Iraq

(unicode)

Ref; Pope Francis condemns Myanmar junta ahead of landmark visit to Iraq


Share this post