• Follow Us on

Home နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် တပ်မတော်နှင့် အစိုးရ တွေ့ဆုံမှု အဆင်မပြေ၊ တပ်မတော်က တတိယအကြိမ် လွှတ်တော်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပြောကြား

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် တပ်မတော်နှင့် အစိုးရ တွေ့ဆုံမှု အဆင်မပြေ၊ တပ်မတော်က တတိယအကြိမ် လွှတ်တော်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းများ ဖြေရှင်းနိုင်ရန် တပ်မတော်နှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံမှု အဆင်ပြေမှုမရှိခဲ့ဘဲ တွေ့ဆုံမှု၌ တပ်မတော်က တတိယအကြိမ် လွှတ်တော်ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုရှိခဲ့ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပြောကြားသည်။
 
နိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းရန် နှစ်ဘက်တွေ့ဆုံမှု၌ တပ်မတော်ဘက်မှ ဥပဒေကျွမ်းကျင်သူ အရာရှိ နှစ်ဦးနှင့် အစိုးရဘက်မှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့သည်။
 
ထိုသို့ တွေ့ဆုံရာ၌ တပ်မတော်က မဲမသမာမှုဖြစ်စေနိုင်သည့် မဲစာရင်းများကြောင့် မကြာခင်ကျင်းပမည့် တတိယအကြိမ်လွှတ်တော်ကို ယာယီရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို အစိုးရဘက်က လက်မခံသောကြောင့် တွေ့ဆုံမှု အဆင်မပြေ ဖြစ်ပေါ်ခဲ့သည်။
 
အဆိုပါတွေ့ဆုံမှုကို People Media က NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “တွေ့ဆုံတာ ဟုတ်တယ်လို့တော့ မှန်းတာဘဲ။ တပ်မတော်နဲ့ တွေ့ဆုံခဲ့ရာ ညှိနှိုင်းမှု အဆင်မပြေဘူးလို့ တောင်းဆိုတယ်တဲ့။ ဒါကတော့ မဖြစ်နိုင်ဘူး။ လွှတ်တော်က ခုနှစ်ရက်ထက် ပိုပြီးရွှေ့လို့မှ မရတာ။ ရွေးကောက်ပွဲအပြီး ရက်ပေါင်းကိုးဆယ်အတွင်း ကျင်းပရတာကို။ ဒီဟာတွေကလည်း ရက်ကိုးဆယ်နဲ့ ဘယ်လိုမှ လုပ်လို့မရဘူး။ အဲ့တော့ သူတို့တောင်းဆိုတဲ့ဟာက မဖြစ်နိုင်တာဆိုတော့ ဆက်ညှိလို့မရဘူး။ အဲ့လိုပဲ ကျွန်တော်တို့က နားလည်တယ်” ဟု ပြောသည်။
 
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားသလို တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင် ဖျက်သိမ်းပစ်မည် ဖြစ် ကြောင်း ပြောဆိုထားသည်။
လက်ရှိအချိန်၌ ပြည်သူများသည် တပ်မတော်နှင့် NLD ပါတီတို့၏ သဘောထားကွဲလွဲမှုအပေါ် စိုးရိမ်လျှက်ရှိပြီး အများပြည်သူ လမ်းမများ၌ တင့်ကားများ သွားလာမှုရှိသည့်အပေါ် စိတ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
 
#PeopleMedia #တပ်မတော် #တင့်ကား
 
(unicode)
……………………………………………………..
 
 
 
 
 
 
 

Share this post