• Follow Us on

Home နိုင်ငံ့ဝန်ထမ်များအနေဖြင့် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာရန် အလုပ်သမားဝန်ကြီးပြောကြား

နိုင်ငံ့ဝန်ထမ်များအနေဖြင့် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာရန် အလုပ်သမားဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ (People Media)

 

နိုင်ငံ့ဝန်ထမ်များအနေဖြင့် ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့ နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အရှေ့လုပ်ငန်းစဉ် (၅)ရက်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တာဝန်ကျရာ ကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြား ချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန် တာဝန်ရှိကြောင်း၊ တာဝန်ခံဝန်ထမ်းများအနေဖြင့် မိမိတို့၏ရုံးများ စနစ်တကျရှိစေရေး ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ နိုင်ငံံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင်တက်သည့် အလေ့အကျင့်များရရှိအောင် ပြုစုပျိုးထောင်ပေးရမည် ဖြစ်ကြောင်း ပြောသည်။

 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ခုံသမာဓိအဖွဲ့၊ မြို့နယ်ဖျန်ဖြေရေးအဖွဲ့များနှင့်တွေ့ဆုံရာတွင်လည်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ၃၅၄၇ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊  မြို့နယ်ညှိနှိုင်းဖျန်ဖြေ ရေးအဖွဲ့ ၃၂၅ ဖွဲ့၊ ခုံသမာဓိအဖွဲ့ ၁၅ဖွဲ့နှင့် ခုံသမာဓိကောင်စီ တစ်ဖွဲ့ဖွဲ့စည်းကာ အလုပ်သမားရေးရာ အငြင်း ပွားမှုများကို ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ လက်ရှိ ကာလ၌ အငြင်းပွားမှု ဖြေရှင်းဥပဒေအရ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဖြင့်လည်းကောင်း၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရမည့် အလုပ်သမားရေးရာ ကိစ္စရက်များဖြစ်ပါ က မြို့နယ်ပေါင်းစပ်အဖွဲ့များဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း၊ အငြင်းပွားမှုများကို ဆုံးဖြတ်ရာတွင် နှစ်ဦး နှစ်ဖက် ညီညွှတ်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးသည် အရေးကြီးကြောင်း ပြောကြားသည်။

 

အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန် ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင်စေရေး ဖြေရှင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခုံသမာဓိအဖွဲ့များအနေဖြင့် ဥပဒေပါ သတ်မှတ်ကာလအတွင်း အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ အထက်အဆင့်ဆင့်သို့ တက်ရောက်မှု နည်းပါးစေရေးနှင့် အောင်ခြေအဆင့်တွင် အမှုများ ပြီးပြတ်မှုရှိစေရေးအတွက် မြို့နယ်အဆင့် ညှိနှိုင်းဖျန် ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များ အပေါ်ညှိနှိုင်းဖျန်ဖြေသူ၏ အရည်အချင်းဖြင့် အတက်နိုင်ဆုံး ပြေငြိမ်းမှုရရှိစေရေး ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ WWC တိုးမြှင့်ဖွဲ့စည်းရေးနှင့် WWC တွင် အလုပ်ရှင်၊ အလုပ်သအားဆွေးနွေးညှိနှိုင်းမှု ပိုမိုလုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia #အလုပ်သမားအရေး

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post