• Follow Us on

Home နိုင်ငံ့ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သလို ရောဂါကူးစက်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း န-စ-က ဒုတိယဥက္ကဋ္ဌပြောကြား

နိုင်ငံ့ဝန်ထမ်း ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သလို ရောဂါကူးစက်မှုနှုန်းမှာ ၈ ရာခိုင်နှုန်းထိ ကျဆင်းလာကြောင်း န-စ-က ဒုတိယဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄ (People Media)

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စာရင်းအရ ၈ သိန်းကျော်ရှိပြီး လက်ရှိ ၄ သိန်းကျော် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားသဖြင့် ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သလို ရောဂါကူးစက်မှုနှုန်း ၈ ရာခိုင် နှုန်းအထိ ကျဆင်းလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယမန် နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုရက်အနေဖြင့် စက်တင်ဘာ ၁၂ ရက်အထိ ၅၃၈ ရက်ရှိကာ ဓာတ်ခွဲ အတည်ပြု လူနာစုစုပေါင်း ၄၃၁၈၃၃ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုများကို ရက် အလိုက် စောင့်ကြပ်ကြည့်ရှုခဲ့ရာ စက်တင်ဘာလ ၅ ရက်မှ စက်တင်ဘာလ ၁၂ ရက်အတွင်း ရောဂါတွေ့ရှိမှု ၁၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။

 

အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ကုသဆေးနှင့် အထောက်အကူပြု ပစ္စည်းများအတွက် ကူညီပံ့ပိုးခွင့်ပြုပေးမှုစသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် (၂)လတာအတွင်း ရောဂါ ပိုးကူးစက်မှု ရာခိုင်နှုန်း သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ရောဂါကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်း အထိ ကျဆင်းလာသည်ကို တွေ့ရှိရသော်လည်း သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန၏ သုံးသပ်ချက်၊ နိုင်ငံ တကာ၏ စံနှုန်းတို့အရ ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်မှသာလျှင် စိတ်ချရမည့် အခြေအနေဖြစ် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆိုသည်။

 

ထိုသို့စိတ်ချရသည့် ရာခိုင်နှုန်းအောက် လျော့ကျသွားအောင် လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မ လျော့ဘဲ အားသွန်ခွန်စိုက်ဖြင့် မြန်မြန်ဆန်ဆန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောဂါ ကူးစက်မှု လျှော့ကျလာသဖြင့် ပြည်သူအများစုက စိုးရိမ်စရာမရှိဟု ယူဆ၍ ကိုဗစ်-၁၉ ရောဂါအတွက် သတ် မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှု အားနည်းလာလျှင်လည်းကောင်း၊ တာဝန်ရှိသူများ၏ ကြပ်မတ်မှု အားနည်းလာလျှင်သော်လည်းကောင်း၊ လူစုလူဝေးများ၊ လူအုပ်စုများ ပါဝင်သည့် အခမ်းအနား ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ခဲ့လျှင်သော်လည်းကောင်း ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာမည်ဖြစ် ကြောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

 

#PeopleMedia #ဒုချုပ် #COVID19

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post