• Follow Us on
Latest News

Home နိုင်ငံခြားသားဖြူနီကြောင်ကျားများ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစေ သာအကြောင်းအရာစုံဖြင့် ဝင်ထွက်သွားလာနေရာ ဇာတိပုည၊ ဂုဏ်မာန အထူးလိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးပြောဆို


Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂





(Unicode)
နိုင်ငံခြားသားဖြူနီကြောင်ကျားများ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစ ေသာအကြောင်းအရာစုံဖြင့် ဝင်ထွက်သွား လာနေရာ ဇာတိပုည၊ ဂုဏ်မာန အထူးလိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးပြောဆို
………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂

နိုင်ငံခြားသားဖြူနီကြောင်ကျားများ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှုစသောအကြောင်းအရာစုံဖြင့် ဝင်ထွက်သွား လာနေရာ ဇာတိပုည၊ ဂုဏ်မာန အထူးလိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းက ပြောဆိုလိုက်ပါတယ်။

ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းက “ပြည်ခိုင်ဖြိုးပါတီသို့ အမျိုးသမီးအင်အား ဝင်ရောက်လာမှုအပေါ် များ စွာကြိုဆိုဂုဏ်ပြုကြောင်းနှင့် အမျိုးသမီးများ၏အခန်းကဏ္ဍအနေဖြင့် များစွာပါဝင်ကြောင်း၊ ယနေ့မြန်မာ့လူဦးရေ အချိုးအစားမှာ အမျိုးသားထက် အမျိုးသမီးဦးရေက ပို၍များနေပေသည်။ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ လမ်း၊ ဘတ်စ်ကားအားလုံးသောနေရာတွင် အမျိုးသမီးဦးရေက သိသိသာသာ ပိုများနေကြောင်း၊ ထို့ကြောင့်လည်း အမျိုးဂုဏ်ဇာတိဂုဏ်က ပိုအရေးကြီးလာသည်။ နိုင်ငံခြားသားဖြူနီကြောင်ကျားများလည်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသောအကြောင်းအရာစုံဖြင့် ဝင်ထွက်သွားလာနေရာ ဇာတိပုည၊ ဂုဏ်မာန အထူးလိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီးကလည်း ပါတီဝင်အမျိုးသမီးထုနှင့် တွေ့ဆုံပွဲများတွင် အမျိုးသမီးများဘဝလုံခြုံရေး နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အားပေးဆောင်ရွက်သွားရေး၊ ပါတီနှင့် နိုင်ငံတော်အတွက် အမျိုးသမီး များ၏ အခန်းကဏ္ဍအရေးကြီးမှုကို အလေးအနက်လမ်းညွှန်ထားပါကြောင်းနှင့် အမျိုးသမီးများအနေဖြင့် မိုးစွန် တမွတ်ကြယ်ကိုဆွတ်ဖို့ အခွင့်အရေးမြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း“ စသည်ဖြင့် ပြောဆိုခဲ့ကြောင်း USDP ပါတီသတင်းထုတ်ပြန်ရေး Page ၌ ဖော်ပြထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်းသည် ဒီဇင်ဘာ(၃၁)ရက်နေ့၌ ဧရာဝတီတိုင်းကျုံပျော်မြို့နယ်၌ ပြုလုပ်ခဲ့သည် ပါတီဝင်သစ်များ အဆိုပြုလွှာပေးအပ်ပွဲမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

#PeopleMedia #USDP #Political


Share this post