• Follow Us on

Home နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် သန့်ရှင်းမှန်ကန်မျှတခြင်းနှင့် ဂုဏ်သိက္ခာရှိသည့်နိုင်ငံအဖြစ် ရပ်တည်ရန် အထူးလိုအပ်ဟု USDP ဒုဥက္ကဋ္ဌ ဦးလှထွန်းပြော

နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် သန့်ရှင်းမှန်ကန်မျှတခြင်းနှင့် ဂုဏ်သိက္ခာရှိသည့်နိုင်ငံအဖြစ် ရပ်တည်ရန် အထူးလိုအပ်ဟု USDP ဒုဥက္ကဋ္ဌ ဦးလှထွန်းပြော

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင်း သန့်ရှင်းမှန်ကန်မျှတသည့် ရွေးကောက်ပွဲအဖြစ်နှင့် ဂုဏ်သိက္ခာရှိသည့် နိုင်ငံအဖြစ်ရပ်တည်ရန် အထူးလိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးလှထွန်းမှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
“ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတစ်ရပ် ရူံးခြင်းနိုင်ခြင်းဟာ တစ်ခဏပဲဖြစ်ပါတယ်၊ ဒါပေမဲ့လို့ ထာဝရ တည်ရှိနေမယ့်အချက်ကတော့ နိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ သန့်ရှင်းပြီး မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအဖြစ်ရပ်တည်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။
ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများရှိနေသည့်အတွက် ပြည်သူလူထုမှာလည်း ရွေးကောက်ပွဲအပေါ် မျိုးစုံ ဝေဖန်ပြောဆိုမှုများ ကြားနေရသလို အခုချိန်အထိ တင်ပြထားသည့် တရာမဲ့ပြုလုပ်ခြင်းများအပေါ်မှာလည်း စစ်ဆေးမှုများ မဆောင်ရွက်ကြောင်း ၎င်းကပြောသည်။
အဆိုပါကိစ္စများကို မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်သွားရန် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း သို့ဖြစ်၍ အထက်ပါဖြစ်ရပ်များကို ဥပဒေအကြောင်းအရ မိမိတို့ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆက်လက်ဆောင်ရွက်ရန်အတွက်လည်း မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။
Photo – Competitor
#PeopleMedia #ဦးလှထွန်း #USDP
(unicode)
နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် သန့်ရှင်းမှန်ကန်မျှတခြင်းနှင့် ဂုဏ်သိက္ခာရှိသည့်နိုင်ငံအဖြစ် ရပ်တည်ရန် အထူးလိုအပ်ဟု USDP ဒုဥက္ကဋ္ဌ ဦးလှထွန်းပြော
…………………………………………………………
နေပြည်တော်၊ ဒီဇင်ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင်း သန့်ရှင်းမှန်ကန်မျှတသည့် ရွေးကောက်ပွဲအဖြစ်နှင့် ဂုဏ်သိက္ခာရှိသည့် နိုင်ငံအဖြစ်ရပ်တည်ရန် အထူးလိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးလှထွန်းမှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။