• Follow Us on

Home နိုင္ငံ၏ေရြးေကာက္ပြဲသမိုင္းတြင္ သန႔္ရွင္းမွန္ကန္မွ်တျခင္းႏွင့္ ဂုဏ္သိကၡာရွိသည့္နိုင္ငံအျဖစ္ ရပ္တည္ရန္ အထူးလိုအပ္ဟု USDP ဒုဥကၠ႒ ဦးလွထြန္းေျပာ

နိုင္ငံ၏ေရြးေကာက္ပြဲသမိုင္းတြင္ သန႔္ရွင္းမွန္ကန္မွ်တျခင္းႏွင့္ ဂုဏ္သိကၡာရွိသည့္နိုင္ငံအျဖစ္ ရပ္တည္ရန္ အထူးလိုအပ္ဟု USDP ဒုဥကၠ႒ ဦးလွထြန္းေျပာ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင္ငံ၏ေရြးေကာက္ပြဲသမိုင္းတြင္း သန႔္ရွင္းမွန္ကန္မွ်တသည့္ ေရြးေကာက္ပြဲအျဖစ္ႏွင့္ ဂုဏ္သိကၡာရွိသည့္ နိုင္ငံအျဖစ္ရပ္တည္ရန္ အထူးလိုအပ္ေၾကာင္း ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းက ေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးပါတီဌာနခ်ဳပ္တြင္ ျပဳလုပ္သည့္ ၂၀၂၀ ေရြးေကာက္ပြဲဆိုင္ရာ သတင္းစာရွင္းလင္းပြဲတြင္ ဦးလွထြန္းမွ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့သည္။

“ေရြးေကာက္ပြဲဟာ နိုင္ငံေရးပါတီတစ္ရပ္ ႐ူံးျခင္းနိုင္ျခင္းဟာ တစ္ခဏပဲျဖစ္ပါတယ္၊ ဒါေပမဲ့လို႔ ထာဝရ တည္ရွိေနမယ့္အခ်က္ကေတာ့ နိုင္ငံရဲ႕ ေရြးေကာက္ပြဲသမိုင္းမွာ သန႔္ရွင္းၿပီး မွန္ကန္မွ်တတဲ့ ေရြးေကာက္ပြဲ အျဖစ္ ဂုဏ္သိကၡာရွိတဲ့ နိုင္ငံအျဖစ္ရပ္တည္ဖို႔ အထူးလိုအပ္ပါတယ္” ဟု ဒုတိယဥကၠ႒ ဦးလွထြန္းက ေျပာသည္။

ေရြးေကာက္ပြဲတရားမဲ့ျပဳက်င့္မႈမ်ားရွိေနသည့္အတြက္ ျပည္သူလူထုမွာလည္း ေရြးေကာက္ပြဲအေပၚ မ်ိဳးစုံ ေဝဖန္ေျပာဆိုမႈမ်ား ၾကားေနရသလို အခုခ်ိန္အထိ တင္ျပထားသည့္ တရာမဲ့ျပဳလုပ္ျခင္းမ်ားအေပၚမွာလည္း စစ္ေဆးမႈမ်ား မေဆာင္ရြက္ေၾကာင္း ၎ကေျပာသည္။

အဆိုပါကိစၥမ်ားကို မိမိတို႔အေနျဖင့္ ဥပေဒႏွင့္အညီ စစ္ေဆးေဆာင္ရြက္သြားရန္ အႀကိမ္ႀကိမ္ေျပာဆိုခဲ့ၿပီး ျဖစ္ေၾကာင္း သို႔ျဖစ္၍ အထက္ပါျဖစ္ရပ္မ်ားကို ဥပေဒအေၾကာင္းအရ မိမိတို႔ ဆက္လက္ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း ဆက္လက္ေဆာင္ရြက္ရန္အတြက္လည္း မိမိတို႔အေနျဖင့္ ဆက္လက္ေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံၿဖိဳးတိုးတက္ေရးပါတီ ဒုတိယဥကၠ႒ ဦးလွထြန္းက ေျပာသည္။

Photo – Competitor

#PeopleMedia #ဦးလွထြန္း #USDP

(unicode)
နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် သန့်ရှင်းမှန်ကန်မျှတခြင်းနှင့် ဂုဏ်သိက္ခာရှိသည့်နိုင်ငံအဖြစ် ရပ်တည်ရန် အထူးလိုအပ်ဟု USDP ဒုဥက္ကဋ္ဌ ဦးလှထွန်းပြော
…………………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင်း သန့်ရှင်းမှန်ကန်မျှတသည့် ရွေးကောက်ပွဲအဖြစ်နှင့် ဂုဏ်သိက္ခာရှိသည့် နိုင်ငံအဖြစ်ရပ်တည်ရန် အထူးလိုအပ်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီဌာနချုပ်တွင် ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးလှထွန်းမှ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

“ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတစ်ရပ် ရူံးခြင်းနိုင်ခြင်းဟာ တစ်ခဏပဲဖြစ်ပါတယ်၊ ဒါပေမဲ့လို့ ထာဝရ တည်ရှိနေမယ့်အချက်ကတော့ နိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းမှာ သန့်ရှင်းပြီး မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအဖြစ်ရပ်တည်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများရှိနေသည့်အတွက် ပြည်သူလူထုမှာလည်း ရွေးကောက်ပွဲအပေါ် မျိုးစုံ ဝေဖန်ပြောဆိုမှုများ ကြားနေရသလို အခုချိန်အထိ တင်ပြထားသည့် တရာမဲ့ပြုလုပ်ခြင်းများအပေါ်မှာလည်း စစ်ဆေးမှုများ မဆောင်ရွက်ကြောင်း ၎င်းကပြောသည်။

အဆိုပါကိစ္စများကို မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်သွားရန် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း သို့ဖြစ်၍ အထက်ပါဖြစ်ရပ်များကို ဥပဒေအကြောင်းအရ မိမိတို့ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆက်လက်ဆောင်ရွက်ရန်အတွက်လည်း မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

Photo – Competitor

#PeopleMedia #ဦးလှထွန်း #USDP


Share this post