• Follow Us on

Home နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအား ပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အောင်မြင်စွာ ကျော်ဖြတ် သွားမည်ဖြစ်ကြောင်း န.စ.ကဒုတိယဥက္ကဋ္ဌ ပြောကြား

နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအား ပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အောင်မြင်စွာ ကျော်ဖြတ် သွားမည်ဖြစ်ကြောင်း န.စ.ကဒုတိယဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဧပြီ ၅

 

တပ်မတော်အပေါ်တွင် နိုင်ငံကြီးအချို့၏ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက်ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုများဖြင့် ဖိအားပေးနှောင့်ယှက်နေသော်လည်း တပ်မတော်အနေဖြင့် စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် အောင်မြင်စွာ ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင် ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာ ဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီး သင်ကျောင်းသို့ သွားရောက်ခဲ့ပြီ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အကြမ်းဖက်အဖွဲ့အစည်းအသီးသီးအနေနဲ့ ပြည်ပနိုင်ငံကြီးအချို့ရဲ့ နယ်ရုပ်တွေသဖွယ် ခိုင်းစေတဲ့အတိုင်း အခိုင်မာဆုံး Institution တစ်ခုဖြစ်တဲ့ တပ်မတော်ကို ဖြိုခွဲဖို့ ကြိုးပမ်းလာကြတယ်။ မိမိတို့ မြန်မာအများစုရဲ့ စိတ်ဓာတ်ဟာ ခြောက်တိုင်းလဲ မကြောက်၊ ချော့တိုင်းလည်း မပျော့ဘဲ မှန်ကန်တဲ့ဘက်မှာ ပြတ်သားစွာ ရပ်တည်သူတွေဖြစ်ကြတယ်။ တပ်မတော်အပေါ်မှာလည်း နိုင်ငံကြီးအချို့ရဲ့ ခြိမ်းခြောက်မှု၊ ဝင်ရောက်စွက် ဖက်မှု၊ လူမျိုးတုံးသတ်ဖြတ်သူများအဖြစ် စွပ်စွဲမှုတွေနဲ့ ဖိအားပေးနှောင့်ယှက်နေပေမယ့် တပ်မတော်အနေနဲ့ စုပေါင်းညီညွတ်မှုစွမ်းအားနဲ့ အဖက်ဖက်မှ အောင်မြင်စွာ ကျော်ဖြတ်သွားမှာဖြစ်တယ်” ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌက ပြောသည်။

 

တပ်မတော်သားများနှင့် မိသားစုအားလုံးတို့သည် အေးအတူပူအမျှဖြင့် ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံး မည်ဟူသော စုစည်းညီညွတ်မှုဖြင့် အတိတ်၊ ပစ္စုပန်၊ အနာဂတ်များတွင် ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဆက် လက်၍လည်း ကျော်လွှားကြရမှာဖြစ်ကြောင်း၊ လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အဓွန့် ရှည်ရပ်တည်နိုင်ရန် စည်းလုံးညီညွတ်မှုသည် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံကြီးအချို့နှင့် အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ မီဒီယာအရ နည်း အမျိုးမျိုးဖြင့် ဖိအားပေးရန် ကြိုးပမ်းနေမှုများကို တပ်မတော်သားများအနေဖြင့် ပေးအပ်သည့်တာဝန်ဝတ္တရား များအပေါ် သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်က အားကိုးရသော၊ နိုင်ငံတော် အပေါ် သစ္စာရှိသော၊ တပ်မတော်က အားကိုးရသော၊ တပ်မတော်ကို သစ္စာရှိသော၊ တပ်မတော်သားများ ဖြစ် အောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

(unicode)


…………………………………….

 


 


 


 


 



Share this post