• Follow Us on

Home နိုင်ငံနှင့် လူမျိုးအပေါ်ကျရောက်လာမည့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော ပြည် ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည် ကြောင်း န-စ-က ဥက္ကဋ္ဌပြောကြား

နိုင်ငံနှင့် လူမျိုးအပေါ်ကျရောက်လာမည့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သော ပြည် ထောင်စုစိတ်ဓာတ်ကိုအခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည် ကြောင်း န-စ-က ဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၈ (People Media)

 

ရှေ့ဆက်လက်ရင်ဆိုင်ရမည့် နိုင်ငံနှင့် လူမျိုးအပေါ် ကျရောက်လာမည့် မည်သည့်အခက်အခဲ၊ အကျပ်အ တည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ် စိတ်ဓာတ်ဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌမှ (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြော ကြားထားသည်။

 

ယနေ့အချိန်တွင် လွတ်လပ်ရေးရပြီးချိန်မှ စတင်ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို အပြီးတိုင်မဖြေရှင်းနိုင်သေးခြင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေရသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိသေးသမျှ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးတရားများကို ပြည်ထောင်စုသားအချင်းချင်း မျှဝေခံစားနိုင်မည့် အခွင့်အလမ်းများ နည်းပါးနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များသည် ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံးဆန္ဒများပင်ဖြစ် ပါသဖြင့် ငြိမ်းချမ်းသာယာသည့် လူမှုအသိုက်အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ်များအတွက်အကောင်း အဖြစ် ချန်ထားပေးကြရမည်ဖြစ်ကြောင်း သို့သော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်း ဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏ အန္တရာယ်ကိုလည်း တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးထားတိုက်တွန်းအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

သို့ဖြစ်ရာ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သည့် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကရင်ပြည်နယ်နေ့ အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက (၆၆) နှစ် မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြားထားသည်။

 

#PeopleMedia #နစက #၆၆နှစ်မြောက်ကရင်ပြည်နယ်နေ့အခမ်းအနား

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post