• Follow Us on

Home နိုင်ငံဝန်ထမ်းများကို လစာတိုးပေးရန်ရှိသည့် သတင်းမှာ မဟုတ်မှန်ဟုဆို

နိုင်ငံဝန်ထမ်းများကို လစာတိုးပေးရန်ရှိသည့် သတင်းမှာ မဟုတ်မှန်ဟုဆို

Share this post

ရန်ကုန် ၊ မတ် ၁၂ (PeopleMedia)

CDM လှုပ်ရှားမှုများ အရှိန်မြှင့်လာသည်နှင့်အမျှ နိုင်ငံဝန်ထမ်းများ ကို လစာတိုးရန်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသော်လည်း အဆိုပါ သတင်းများသည် မဟုတ်မှန်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က အတည်ပြု ပြောသည်။

လက်ရှိအခြေအနေအရ နိုင်ငံဝန်ထမ်းများကို လစာတိုးပေးရန်မှာ မဖြစ်နိုင်သေးသော်လည်း CDM မလုပ်သည့် ဝန်ထမ်းများကို ဆုကြေးငွေချီးမြှင့်ခြင်း နှင့် ရာထူးတိုးပေးခြင်းများကို သက်ဆိုင်ရာ အလိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

” လစာတိုးဖို့ကို အခုလောလောဆယ် အစီအစဉ်တော့မရှိသေးဘူး။ ဌာန ဆိုင်ရာအလိုက် ထိုက်သင့်တဲ့ ချီးမြှင့်ငွေ ချီးမြှင့်ဖို့တော့ အစီအစဉ်ရှိပါတယ်။ ထိုက်သင့်တဲ့ ချီးမြှင့်ဆိုတာက ငွေရေးကြေးရေး တစ်ခုထဲကို ဆိုလိုတာ မဟုတ်ဘူး ရာထူးအဆင့် ကိစ္စတွေ ထိုက်သင့်တဲ့ ထောက်ပံ့မှုတွေကိုပါ လုပ်ဖို့တော့ ဝန်ကြီးဌာန အလိုက် စီစဉ်နေတာရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က အတည်ပြု ပြောသည်။

လက်ရှိတွင် နိုင်ငံဝန်ထမ်းများကို လစာတိုးပေးရန်မရှိသေးသော်လည်း CDM ပြုလုပ်သည့် နိုင်ငံဝန်ထမ်းတချို့ကို ဖမ်းဆီးအရေးယူမှုများကို ပြုလုပ်ထားကြောင်းကို ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းစာရှင်းလင်းပွဲ တွင်ဝန်ခံပြောကြားထားသည်။

#PeopleMedia #CDM #လစာ


Share this post