• Follow Us on

Home နီကာရာဂွာရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိသည့် ဗရုတ်သုတ်ခရွေးကောက်ပွဲဖြစ်ကြောင်း ဂျိုးဘိုင်ဒန်ပြော

နီကာရာဂွာရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိသည့် ဗရုတ်သုတ်ခရွေးကောက်ပွဲဖြစ်ကြောင်း ဂျိုးဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၈ (People Media)

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တာဝန်ထမ်းဆောင်ဆဲသမ္မတဖြစ်သူ ဒန်နီရယ်လ်အော်တီဂါ၏ ပြိုင်ဘက်များ ဘေးထွက်ခိုင်းထားသဖြင့် ဒန်နီရယ်လ်အော်တီဂါ အနိုင်ရရှိမည်မှာ သေချာသလောက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ပြီး နီကာရာဂွာသမ္မတရွေးကောက်ပွဲကို ရှက်စရာရွေးကောက်ပွဲတစ်ခုအဖြစ် ပြစ်တင်ဝေဖန်လိုက် သည်။

 

“ဒီကနေ့ နီကာရာဂွာသမ္မတ ဒန်နီရယ်လ်အော်တီဂါနဲ့ သမ္မတကတော် ဒုတိယသမ္မတ ရိုစာရီယိုမူရီလိုတို့ပါ ဝင်တဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ဗရုတ်သုတ်ခရွေးကောက်ပွဲပါပဲ။ အများစုဟာ ဒီမိုက ရေစီမဆန်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်” ဘိုင်ဒန်က အိမ်ဖြူတော်ကြေညာချက်တွင် ထည့်သွင်းပြောဆိုလိုက် သည်။

 

အော်တီဂါအစိုးရသည် ရွေးကောက်ပွဲနေ့မတိုင်မီက လတ်တလောကာလတွင် သမ္မတလောင်းအဖြစ်ရေပန်းစား နေသူ ခုနစ်ဦးအပါအဝင် အတိုက်အခံ ၃၉ ဦးကိုထောင်သွင်းအကျဉ်းချထားခဲ့ပြီး နိုင်ငံရေးပါတီများကို ပိတ်သိမ်း ခဲ့ကာ ရွေးကောက်ပွဲရလဒ်ကို အကွက်ဆင်အကြံအဖန်လုပ်ခဲ့သည်ဟုဆိုသည်။

 

နီကာရာဂွာခေါင်းဆောင်သည် လွတ်လပ်သောသတင်းမီဒီယာများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများကို ဖိနှိပ်အနိုင်ကျင့်ခဲ့သည့်အတွက်လည်း ဘိုင်ဒန်က ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်လိုက်သည်။

 

“လူကြိုက်မများတာက ကြာလှပြီ။ အခုလက်ရှိ လူထုကဒီမိုကရက်တစ်နည်းနဲ့ လုပ်ပိုင်ခွင့်ပေးမထားဘဲ အော်တီ ဂါနဲ့ မူရီလိုတို့ မိသားစုတွေဟာ နီကာရာဂွာနိုင်ငံကို အာဏာရှင်တွေလို အုပ်ချုပ်နေပါပြီ။” ဟု ဘိုင်ဒန်ကပြော သည်။

 

နီကာရာဂွာပြည်သူများသည် လူ့အခွင့်အရေးအုပ်စုများက ကြောက်ရွံ့နေရသည့်အခြေအနေဟုခေါ်သော အခြေ အနေမျိုးအောက်တွင် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) နေ့က မဲပေးခဲ့ရသည်။

 

ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ ၃၀,၀၀၀ စောင့်ကြည့်နေသည့်ကြားမှ ၁၁ နာရီကြာ မဲပေးခဲ့ရပြီးနောက် မဲရုံများ ကို ညနေ ၆ နာရီတွင်ပိတ်သိမ်းလိုက်ကြောင်းသိရသည်။

 

အသက် ၇၅ နှစ်အရွယ် သမ္မတဒန်နီရယ်လ်အော်တီဂါကို ၎င်း၏ဇနီးဖြစ်သူ ဒုတိယသမ္မတ ရိုစာရီယိုမူရီလိုနှင့် အတူ ငါးနှစ်သက်တမ်းသမ္မတတာဝန်ကို လေးကြိမ်မြောက်ထမ်းဆောင်ရန် မျှော်လင့်ထားကြသည်။

 

အမေရိကန်သမ္မတဘိုင်ဒန်က “ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရန်နှင့် တရားမဲ့ဖမ်းဆီးထိန်းသိမ်းထားသူများ ကို ပြန်လည်လွှတ်ပေးရန်” အော်တီဂါကို တောင်းဆိုခဲ့သည်။

 

“အမေရိကန်ပြည်ထောင်စုအနေနဲ့ နီကာရာဂွာပြည်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့နဲ့ အော်တီဂါ-မူရီလို အစိုးရနဲ့ အလွဲ သုံးစားလုပ်မှုတွေကို အဆင်ပြေချောမွေ့အောင်လုပ်ပေးတဲ့သူတွေ တာဝန်ခံနိုင်ဖို့အတွက် ကျွန်တော်တို့မှာရှိနေ တဲ့ သံတမန်လက်နက်တွေနဲ့ စီးပွားရေးဆိုင်ရာလက်နက်တွေ အားလုံးကို အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု သမ္မတဂျိုးဘိုင်ဒန်ကပြောသည်။

 

Ref: Biden calls Nicaragua’s election a ‘pantomime’ that’s ‘neither free nor fair’

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Biden calls Nicaragua’s election a ‘pantomime’ that’s ‘neither free nor fair’

 

#PeopleMedia


Share this post