• Follow Us on

Home နီေပါအေနာက္ပိုင္းတြင္ ေရႀကီးေရလွ်ံမႈမ်ား၊ ေျမၿပိဳမႈမ်ားေၾကာင့္ ၄၀ ဦးထက္မနည္း ေသဆုံး၊ အမ်ားအျပား ေပ်ာက္ဆုံး

နီေပါအေနာက္ပိုင္းတြင္ ေရႀကီးေရလွ်ံမႈမ်ား၊ ေျမၿပိဳမႈမ်ားေၾကာင့္ ၄၀ ဦးထက္မနည္း ေသဆုံး၊ အမ်ားအျပား ေပ်ာက္ဆုံး

Share this post

နိုင္ငံတကာ၊ ဇူလိုင္ ၁၂(PeopleMedia)

နီေပါနိုင္ငံအေနာက္ပိုင္းတြင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား၊ ေျမၿပိဳမႈမ်ား ျဖစ္ ပြားခဲ့ရာ လူ ၄၀ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ေထာင္ႏွင့္ခ်ီေသာျပည္သူမ်ား အိုးအိမ္စြန့္ခြာေစခဲ့ေၾကာင္း တာဝန္ရွိ သူမ်ားက ယေန႕ ေျပာၾကားလိုက္သည္။

ဇူလိုင္လ ၁၀ ရက္က ခတၱမႏၵဴၿမိဳ႕ေတာ္၏ အေနာက္ေျမာက္ဘက္ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင္) ခန့္အ ကြာ ျမာဒီခရိုင္တြင္ ေရႀကီးေရလွ်ံမႈ၊ ေျမၿပိဳမႈမ်ားေၾကာင့္ လူကိုးဦး ေသဆုံးခဲ့ၿပီး ၁၃ ေက်ာ္ ေပ်ာက္ဆုံးခဲ့ေၾကာင္း ခရိုင္အုပ္ခ်ဳပ္ေရးမႉး ဂ်န္နက္ဒါကယ္လ္က ေျပာသည္။

“ျမာဒီခရိုင္မွာ ေသဆုံးသူ၊ ေပ်ာက္ဆုံးသူေတြကို ကယ္ဆယ္ေရးသမားေတြက ရွာေဖြေနပါတယ္။ လူ ၅၀ ေလာက္ကို ရဟတ္ယာဥ္ေတြ အသုံးျပဳၿပီး ေဘးကင္းရာကို ကယ္ဆယ္ခဲ့ပါတယ္။ ေျမၿပိဳမႈေတြမွာ ဒဏ္ရာရရွိတဲ့ ၁၁ ဦးကို အနီးအနားက ေဆး႐ုံေတြကို ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။” ဟု ဒါကယ္လ္က ေျပာသည္။

အိမ္နီးခ်င္း ကတ္စကီခရိုင္တြင္ လူခုႏွစ္ဦး၊ အေနာက္ပိုင္းရွိ ဂ်ာဂ်ာေကာ့ခရိုင္တြင္ ခုႏွစ္ဦး ေသဆုံးခဲ့ ေၾကာင္း ခရီးသြားလုပ္ငန္းၿမိဳ႕ ပိုခါရာၿမိဳ႕မွ အစိုးရ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ေပ်ာက္ဆုံးေနဆဲ လူ ရွစ္ဦးကို ရွာေဖြေနေၾကာင္း ရဲတပ္ဖြဲ႕မွ အႀကီးတန္း တာဝန္ရွိသူ ကီရွိုးရွရက္သာက ေျပာသည္။ နီေပါနိုင္ငံအလယ္ပိုင္းရွိ ခရိုင္သုံးခုတြင္ လူေျခာက္ဦး ေသဆုံးခဲ့သည္။

အိႏၵိယနိုင္ငံအေရွ႕ပိုင္း ဘီဟာျပည္နယ္၌ ႏွစ္စဥ္နီးပါး ေရႀကီးမႈမ်ားျဖစ္ေစသည့္ အိႏၵိယနိုင္ငံႏွင့္ နယ္နိ မိတ္ ထိစပ္ေနေသာ ေတာင္ပိုင္းေျမျပန့္လြင္ျပင္ေဒသရွိ ကိုရွီျမစ္ေရက စိုးရိမ္ေရမွတ္အထက္ ေရာက္ရွိေနေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။

ေတာင္ကုန္းထူထပ္ရာ နီေပါနိုင္ငံတြင္ ႏွစ္စဥ္ ဇြန္-စက္တင္ဘာလေရာက္လ်င္ ေျမၿပိဳမႈမ်ား၊ ေရႀကီးေရ လွ်ံမႈမ်ား ျဖစ္ပြားေလ့ရွိသည္။

ကိုးကား – စီအင္န္ေအ

Ref; Floods, landslides kill 40 in Nepal, many missing

[Unicode]
နီပေါအနောက်ပိုင်းတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ၄၀ ဦးထက်မနည်း သေဆုံး၊ အများအပြား ပျောက်ဆုံး
………………………………………………………………………………….

နိုင်ငံတကာ၊ ဇူလိုင် ၁၂(PeopleMedia)

နီပေါနိုင်ငံအနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ် ပွားခဲ့ရာ လူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာစေခဲ့ကြောင်း တာဝန်ရှိ သူများက ယနေ့ ပြောကြားလိုက်သည်။

ဇူလိုင်လ ၁၀ ရက်က ခတ္တမန္ဒူမြို့တော်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ခန့်အ ကွာ မြာဒီခရိုင်တွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူကိုးဦး သေဆုံးခဲ့ပြီး ၁၃ ကျော် ပျောက်ဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဂျန်နက်ဒါကယ်လ်က ပြောသည်။

“မြာဒီခရိုင်မှာ သေဆုံးသူ၊ ပျောက်ဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။ လူ ၅၀ လောက်ကို ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဘေးကင်းရာကို ကယ်ဆယ်ခဲ့ပါတယ်။ မြေပြိုမှုတွေမှာ ဒဏ်ရာရရှိတဲ့ ၁၁ ဦးကို အနီးအနားက ဆေးရုံတွေကို ရွှေ့ပြောင်းခဲ့ပါတယ်။” ဟု ဒါကယ်လ်က ပြောသည်။

အိမ်နီးချင်း ကတ်စကီခရိုင်တွင် လူခုနှစ်ဦး၊ အနောက်ပိုင်းရှိ ဂျာဂျာကော့ခရိုင်တွင် ခုနှစ်ဦး သေဆုံးခဲ့ ကြောင်း ခရီးသွားလုပ်ငန်းမြို့ ပိုခါရာမြို့မှ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပျောက်ဆုံးနေဆဲ လူ ရှစ်ဦးကို ရှာဖွေနေကြောင်း ရဲတပ်ဖွဲ့မှ အကြီးတန်း တာဝန်ရှိသူ ကီရှိုးရှရက်သာက ပြောသည်။ နီပေါနိုင်ငံအလယ်ပိုင်းရှိ ခရိုင်သုံးခုတွင် လူခြောက်ဦး သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ နှစ်စဉ်နီးပါး ရေကြီးမှုများဖြစ်စေသည့် အိန္ဒိယနိုင်ငံနှင့် နယ်နိ မိတ် ထိစပ်နေသော တောင်ပိုင်းမြေပြန့်လွင်ပြင်ဒေသရှိ ကိုရှီမြစ်ရေက စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

တောင်ကုန်းထူထပ်ရာ နီပေါနိုင်ငံတွင် နှစ်စဉ် ဇွန်-စက်တင်ဘာလရောက်လျင် မြေပြိုမှုများ၊ ရေကြီးရေ လျှံမှုများ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား – စီအင်န်အေ

Ref; Floods, landslides kill 40 in Nepal, many missing


Share this post